မုံးကိုး ဖောင်းဆိုင်ဒေသခံများ တရုတ်နယ်စပ်တွင် မိုးကာတဲဖြင့် စစ်ရှောင်နေရ

မုံးကိုး ဖောင်းဆိုင်ဒေသခံများ တရုတ်နယ်စပ်တွင် မိုးကာတဲဖြင့် စစ်ရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ ဖောင်းဆိုင်ကျေးရွာအနီး တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀ ကျော်သည် တရုတ်နယ်စပ်သို့ ထွက်ပြေးခဲ့သော်လည်း ဖြတ်ကျော်ခွင့်မရသောကြောင့် မိုးကာတဲဖြင့် ခက်ခက်ခဲခဲ နယ်စပ်တွင် သောင်တင်နေသည်မှာ ၃ ရက်ခန့်ရှိပြီဟု သိရသည်။

အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့ကြား တိုက်ပွဲကြောင့် ဇူလိုင်လ ၆ ရက်နေ့ မုံးကိုးမြို့ ဖောင်းဆိုင်အနီး မန်ယန်ကျေးရွာနှင့် ဘန်မွေကျေးရွာရှိ ဒေသခံအိမ်ထောင်စု ၈၈ ခုနှင့် လူဦးရေ ၃၀၀ ခန့်တို့သည် တရုတ်နယ်ဘက်သို့ ထွက်ပြေးခဲ့သော်လည်း နယ်စပ်ဖြတ်ကျော်ခွင့်မရသေးကြောင်း စစ်ရှောင်တစ်ဦးက ယခုလိုပြောသည်။

“တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် ဖောင်းဆိုင်ပြည်သူ့စစ်အဖွဲ့က ဒေသခံတွေကို တရုတ်ဘက်ကို တိမ်းရှောင်ထွက်သွားခိုင်းတာ၊ ဒါပေမဲ့ တရုတ်ဘက်က တိုက်ပွဲတကယ်ပြင်းထန်လာမှ ဝင်ခွင့်ပေးမယ်လို့ပြောတော့ စစ်ရှောင်တွေက ကြားထဲမှာ နေနေရတာဖြစ်တယ်” ဟု ဖောင်းဆိုင် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရှောင်များသည် လက်ရှိချိန် ကိုယ်တိုင် မိုးကာတဲများဆောက်ကာ ခိုလှုံနေရပြီး ခက်ခဲမှုမျိုးစုံ ကြုံတွေ့နေရသည်။

ထို့အပြင် ထွက်ပြေးလာသာစစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦးပါဝင်သည်ဟု သိရသည်။

နယ်စပ်ဖြတ်ကျော်ခွင့်မရသလို တိုက်ပွဲသံများကြောင့် မိမိတို့ကျေးရွားသို့ ပြန်လှည့်ရန်လည်း မဖြစ်နိုင်သောကြောင့် မိုးကာတဲတွင် ခက်ခဲစွာ ခိုလှုံနေရကြောင်း စစ်ရှောင်တစ်ဦးက ယခုလို ထပ်မံပြောဆိုသည်။

“မိုးကရွာချ မိုးကာလည်း မလုံလောက်ဘူး၊ အရေးပေါ်ဖြစ်တာကြောင့် နှစ်ရက်သုံးရက်ပဲ ရှောင်တိမ်းယုံပဲဆိုလို့ ဘာမှမယူလာကြဘူး။ ခြင်ထောင်တွေလည်း မပါတော့ ခြင်ကလည်းကိုက်၊ မိုးရွာတော့ ကလေးတွေက ငိုကြ၊ အကုန်စိုရွဲပြီး ခက်ခက်ခဲခဲပဲ။ ဖြစ်သလိုပဲ ဖြတ်ကျော်နေတယ်။ ညဆို အသက်ကြီးတဲ့သူတွေနှင့် ကလေးတွေ ဖျားတာနာတာရှိတယ်။ သူတို့ကို ကျနော်တို့ဆီမှာရှိတဲ့ ဆေးဝါးနဲ့ပဲ ကုသပေးထားတယ်” ဟု စစ်ရှောင်ပြည်သူတစ်ဦးက KNG ကိုပြောသည်။

စစ်ရှောင်အများစုသည် ယခုလို တောတွင်း မိုးကာတဲဖြင့် ခိုလှုံနေကြရပြီး အချို့မှာ ဖောင်းဆိုင်ကျေးရွာတွင် ခိုလှုံနေကြကြောင်း သိရသည်။

ရှမ်းမြောက် မုံးကိုးမြို့ ဖောင်းဆိုင်ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAA လက်နက်ကိုင်အဖွဲ့ကြား ဇူလိုင် ၄ ရက်နေ့မှစပြီး တိုက်ပွဲ စတင်ဖြစ်ပွားလာခြင်းဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...