ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ALD ပါတီဝင် တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံ သုံးဦးအမှုတွင် လိုပြသက်သေနှစ်ဦးကို စစ်ဆေး

ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ALD ပါတီဝင် တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံ သုံးဦးအမှုတွင် လိုပြသက်သေနှစ်ဦးကို စစ်ဆေး

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီဝင် တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံသုံးဦးကို စွဲဆိုထားသည့် ငြိမ်းစုစီဥပဒေပုဒ်မ (၁၉) အမှုနှင့် ပတ်သတ်ပြီး ဇူလိုင်လ ၅ ရက်နေ့တွင် တရားလိုပြသက်သေနှစ်ဦးကို တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သတ်ပြီး အမှုစစ်တစ်ဦးနှင့် တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်တို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွတ်နေသည့် အမှုဆောင်ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

“ဒီနေ့မှာတော့ အမှုစစ်နဲ့ ရပ်ကွက်ဥက္ကဋ္ဌ ဦးသန်းလှိုင်တို့ကို စစ်ဆေးတယ်။ နောက်ထပ်ရုံးချိန်းကို ဇူလိုင် ၁၂ ရက်နေ့ကို ချိန်းဆိုထားတယ်” ဟု ၎င်းကဆိုသည်။

ငြိမ်းစုစီအမှုနှင့်ပတ်သတ်ပြီး တရားလိုအပါအဝင် လိုပြသက်သေ ၉ ဦးကို စစ်ဆေးရန်ရှိပြီး လက်ရှိတွင် လိုပြသက်သေ ၅ ဦးကို စစ်ဆေးပြီးသွားပြီဖြစ်ကြောင်း ဦခင်မောင်ဌေးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သတ်ပြီး တရားစွဲဆိုခံထားရသူများမှာ ALD ပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တောင်ကုတ်ဒေသခံ ကိုလှိုင်မင်းထွန်း (ခ) သားကြီးနှင့် ကိုဇာနေထူးတို့ဖြစ်သည်။

၎င်းတို့သုံးဦးသည် ယခင်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နှင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့ဖြင့် တရားစွဲဆိုခံခဲ့ရသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန် ၃၀ ရက်နေ့က စစ်ကောင်စီမှ အကျဉ်းသားများကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အထဲတွင် ALD ပါတီဝင် ဦးကျော်ကျော်လင်းအပါအဝင် ၎င်းသုံးဦး စွဲဆိုခံထားရသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မကို ပြန်လည်ရုပ်သိမ်းပေးလိုက်ခြင်းဖြစ်သည်။

ALD ပါတီဝင် ကိုကျော်ကျော်လင်းအပါအဝင် တောင်ကုတ်ဒေသခံ သုံးဦးတို့သည် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က တောင်ကုတ်မြို့ပေါ်၌ အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်စဉ် ရဲနှင့်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ၎င်းတို့သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တောင်ကုတ်မြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်မှ တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သလို ငြိမ်းစုစီပုဒ်မဖြင့်လည်း တောင်ကုတ်မြို့နယ် ဒု-ရဲမှူး ဇော်လတ်က တရားလိုလုပ်ပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...