သထုံမြို့မစခန်းက ရဲတပ်ဖွဲ့ဝင် (၂၀) နီးပါး ကိုဗစ်ကူးစက်ခံရ

သထုံမြို့မစခန်းက ရဲတပ်ဖွဲ့ဝင် (၂၀) နီးပါး ကိုဗစ်ကူးစက်ခံရ

သထုံမြို့နယ်ရဲမှူးအပါအဝင် သထုံမြို့မစခန်းက ရဲတပ်ဖွဲ့ဝင် (၂၀) နီးပါး ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ ရဲစခန်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။

ဇူလိုင်လ (၃) ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီးနောက် ဇူလိုင်လ (၄) ရက်နေ့မှာ ထပ်မံစစ်ဆေးရာ ကိုဗစ်ကူးစက်ခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် (၁၇) ဦးကို ထပ်မံတွေ့ရှိခဲ့ပါတယ်။

ကူးစက်ခံထားရသူတွေထဲမှာ သထုံမြို့နယ်ရဲမှူးနှင့် ၄င်းရဲ့ဇနီးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

"မနေ့ကထိတော့ မြို့နယ်ရဲမှူးအပါအဝင် (၁၉) ဦး ကိုဗစ်ကူးစက်ခံရတာပေါ့၊ အဲ့ဒီထဲမှာ မြို့နယ်ရဲမှူးမိန်းမလည်းပါတယ်၊ သူတို့တွေကတော့မြို့မစခန်းကပေါ့၊ ဒီနေ့လည်း ထပ်ကူးတယ်လို့တော့သိရတယ်၊ ဘယ်နယောက်ပါမှန်းတော့ မသိရသေးဘူး" လို့ ရဲစခန်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက အတည်ပြုပြောဆိုပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေ့ရှိတဲ့ သထုံမြို့မရဲစခန်းကိုတော့ အသွားအလာ မကန့်သတ်ထားဘဲ ပုံမှန်အတိုင်း ဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကူးစက်ခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မြို့အတွင်းမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ လှည့်လည်နေတဲ့အတွက် ထပ်မံကူးစက်ပြန့်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ (၉၀၀) ကျော်ရှိပြီး သေဆုံးသူကတော့ (၁၇) ဦးရှိပြီဖြစ်ပါတယ်။

 
 

 

 

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...