ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများကို ခေတ္တပိတ်နိုင်ရန် ပြည်နယ်စစ်ကောင်စီ စီစဉ်

ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများကို ခေတ္တပိတ်နိုင်ရန် ပြည်နယ်စစ်ကောင်စီ စီစဉ်
ပုံစာ - မောင်တောမြို့နယ် ကညင်ချောင်းစီးပွားရေးဇုန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီတင်ပို့နေသည့် မြင်ကွင်း။ ဓါတ်ပုံ - F001
ပုံစာ - မောင်တောမြို့နယ် ကညင်ချောင်းစီးပွားရေးဇုန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီတင်ပို့နေသည့် မြင်ကွင်း။ ဓါတ်ပုံ - F001

ရခိုင်ပြည်တွင် ကိုဗစ်ပိုးတွေ့ရှိသူ မြင့်တက်လာနေသည့်အပြင် အိမ်နီးချင်းနိုင်များငံများတွင်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းအား ခေတ္တပိတ်ထားနိုင်ရန် ပြည်နယ်စစ်ကောင်စီအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၄ ရက်နေ့က ရခိုင်ပြည် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်တီ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စစ်ကောင်စီဥက္ကဌ ဒေါက်တာအောင်ကျော်မင်းက နယ်စပ်ကုန်သွယ်ရေး ခေတ္တပိတ်ရေးနှင့်ပတ်သက်၍ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရခိုင်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေဟာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ဆောင်ရွက်နေသူတွေ၊ ပြည်တွင်းခရီးသွားလာသူတွေ၊ တာဝန်နဲ့ပြောင်းရွေ့လာသူတွေ ကူးစက်မှုဖြစ်ပွားနေတာကို တွေ့ရတယ်” ဟု ဒေါက်တာအောင်ကျော်မင်းက ဆိုသည်။

သို့သော် နယ်စပ်ကုန်သွယ်ရေးကို မည်သည့်အချိန်တွင် ပိတ်သွားမည်ဆိုသည်ကို မသိရှိရသေးပေ။

ရခိုင်ပြည်တွင် Covid-19 ဗိုင်းရပ်စ်ပိုး တတိယလှိုင်းကို ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့မှစ၍ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး သွားလာနေသူများထံမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိ ရခိုင်ပြည်တွင် Covid-19 တတိယလှိုင်း ရောဂါပိုးကူးစက်သူ ၄၀၀ ကျော်ရှိအထိရှိပြီး ရောဂါပိုးတွေ့ရှိသူများမှာ စစ်တွေ၊ မောင်တော၊ သံတွဲ၊ မင်းပြား၊ တောင်ကုတ်မြို့နယ်များမှဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်ရောဂါ သေဆုံးသူရှိလာသည့်အတွက် COVID-19 နှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း လူ ၅၀ ဦးထက် ပိုမစုရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ မထွက်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်နှင့် မကြာခဏ လက်ဆေးရန်တို့ကိုပြုလုပ်ရန် ကျန်းမာရေးဌာနက ညွှန်ကြားထားသည်။

 
 

 

 

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...