ဗန်းမော် စစ်ရှောင်စခန်းအချို့တွင် Covid-19 ရောဂါ ကူးစက်လာ

ဗန်းမော် စစ်ရှောင်စခန်းအချို့တွင် Covid-19 ရောဂါ ကူးစက်လာ

ဗန်းမော်မြို့ Covid-19 ပိုးတွေ့လူနာ ၅၀ ဦးစာရင်းတွင် စစ်ရှောင်စခန်းမှ လူနာ ၃ ဦး ပါဝင်လာကြောင်း စခန်းတာဝန်ခံများမှ သိရသည်။

"ဘယ်ကနေ ကူးလာတာလဲ‌တော့မသိဘူး။ သူက မြို့ထဲက ‌ဆိုင်ကယ်၊ ကား ရေဆေးဆီလိုက်ဆိုင်မှာ အလုပ်သွားလုပ်တာ ဟုတ်တယ် ဖျားတာက ၃ ရက်လောက်ရှိပြီလို့ သိရတယ်။ အဲဒါနဲ့‌ ဆေးရုံမှာသွားစစ်‌တော့ မနေ့က positive ဖြစ်တယ်လို့ သိရတယ်" ဟု ရောဘတ်စစ်ရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။

လက်ရှိ ယင်းပိုးတွေ့လူနာ၏ မိသားစုဝင်အပါအဝင် ဆက်စပ်သူ စုစုပေါင်း ၈ ဦးအား Lock Down ချမှတ်ထားကာ ပိုးတွေ့သည့်အမျိုးသားသည် ဗန်းမော်ဆေးရုံတွင် ဆေးကုသနေကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၃ ရက်နေ့တွင်လည်း ဗန်းမော်မြို့ ရွှေကျီးနားရပ်ကွက်ရှိ တံခွန်တိုင် (IDP) စခန်းတွင်လည်း ပိုးတွေ့အတည်ပြုလူနာ ၂ ဦးတွေ့ရှိခဲ့ကြောင်း ပိုးတွေ့လူနာနဲ့ နီးစပ်သူများထံမှ သိရသည်။

"စစ်ရှောင်စခန်းမှာ ပိုးတွေ့ပြီဆို ပိုကြောက်စရာကောင်းတယ်။ ဘာလို့လဲဆိုရင် စခန်းမှာက လူအစုလိုက်အပြုံလိုက် နေတဲ့နေရာလေ။ တစ်ယောက်ကူးပြီဆို စခန်းတစ်ခုလုံးကူးသွားနိုင်တယ်" ဟု ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

ယခင်က စစ်ရှောင်စခန်းများတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦးတစ်ယောက်မျှ မရှိခဲ့သော်လည်း ယခုမှ ပထမဆုံးအကြိမ် ပိုးတွေ့လူနာရှိလာခြင်းဖြစ်သည်ဟု ရောဘတ် စစ်ရှောင်စခန်းတာဝန်ခံက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဗန်းမော်ခရိုင်တွင် ဒေသခံအများအပြား စစ်ရှောင်အဖြစ်ခိုလှုံနေစဉ် ယခု ကိုဗစ်-၁၉ ဖြစ်လာသောကြောင့် စိုးရိမ်နေကြသည်။

"စစ်‌ဘေးကနေ ရောဂါဘေး ဘယ်ဟာကို ပိုကြောက်ရမှန်းတောင် မသိတော့ဘူး။ အမြန်ဆုံးငြိမ်းချမ်းလာပါစေလို့ဘဲ ဆုတောင်းနေတယ်" ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဗန်းမော်မြို့တွင် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၄ ရက်နေ့ထိ တပတ်အတွင်း အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၁၉ ဦး၊ ကလေး ၂ ဦး စုစုပေါင်း ပိုးတွေ့လူနာ ၅၀ ဦးထိရှိလာကြောင်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအဖွဲ့များထံမှ သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...