ဗန်းမော်ခရိုင်တွင် ၅ ရက်အတွင်း Covid-19 ပိုးတွေ့လူနာ ၄၀ ကျော်အထိရှိလာ

ဗန်းမော်ခရိုင်တွင် ၅ ရက်အတွင်း Covid-19 ပိုးတွေ့လူနာ ၄၀ ကျော်အထိရှိလာ

ဗန်းမော်ခရိုင်တွင် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၁ ရက်နေ့ထိ ၅ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးကျော်ပြီဖြစ်ကြောင်း ဗန်းမော်မြို့နယ် Covid-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၂၈ ရက်နေ့ ဗန်းမော်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်သည့် သူနာပြုဆရာမအပါအဝင် မိသားစုဝင် ၃ ဦး၌ ရောဂါပိုး စတင်တွေ့ရှိခဲ့သည်။

ထို့နောက် ဇွန်လ ၂၉ ရက်နေ့ ဗန်းမော်မန်းကားဂိတ်မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်အပါအဝင် စုစုပေါင်း ၃ ဦးတွင် ရောဂါပိုးထပ်မံတွေ့ရှိခဲ့သည်။

ဇွန်လ ၃၀ ရက်နေ့တွင် အဆိုပါ ပိုးတွေ့လူနာများနဲ့ ဆက်စပ်သူများအား ထပ်မံစစ်ဆေးရာ ၁၁ ဦးတွင် ထပ်မံတွေ့ရှိကြောင်း ဗန်းမော်မြို့ ကိုဗစ်‌-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ထို့ပြင် ဇူလိုင်လ ၁ ရက်နေ့ ညနေ ၆ နာရီချိန်ထိ ထပ်တိုးအတည်ပြုလူနာများသည် ဗန်းမော် သာစည် ရှမ်းဝိုင် ၂ ဦး၊ မံစီ ၁ ဦး၊ မင်းလှရပ်ကွက်မှ ၁ ဦး၊ ၃ မိုင်ကွက်သစ် ၁ ဦး၊ ဘူဒိုဇာကုန်း (ရွှေမန်းသားရေဆေးဆီလိုက်) ၂ ဦး၊ တပ်ကလေး ၁ ဦး စုစုပေါင်း ၈ ဦး ထပ်မံတွေ့ရှိသည့်အပြင် နောက်ထပ် နေရပ်အတိအကျ မသိနိုင်သေးသည့်သူ ၈ ဦး တွေ့ရှိသည့်အတွက် စုစုပေါင်း ၁၃ ဦးရှိကာ ၅ ရက်အတွင်း မြို့နယ်အဆင့်တွင် စုစုပေါင်းအတည်ပြုလူနာ ၃၀ ကျော်လာပြီဖြစ်သည်။

အဆိုပါ ပိုးတွေ့လူနာများကို လက်ရှိ ဗန်းမော်ဆေးရုံတွင် သီးသန့်ထားရှိကာ ဆေးကုသပေးနေကြောင်း သိရသည်။

ဗန်းမော်မြို့နယ်မှ အတည်ပြုလူနာ ၃၀ ကျော်အပါအဝင် မံစီမြို့နယ် ၃ ဦး၊ ရွှေကူမြို့နယ် ၆ ဦး၊ မိုးမောက်မြို့နယ်တွင် ၄ ဦး ရှိသောကြောင့် ဗန်းမော်ခရိုင်တစ်ခုလုံးတွင် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ ၄၀ ကျော်လာပြီဖြစ်သည်။

ဗန်းမော်မြို့နယ်မှ အတည်ပြုပိုးတွေ့လူနာနဲ့ ဆက်စပ်သူ ၄၉ ဦးရှိကာ ၎င်းတို့အနက် ၁၂ ဦးကို ဟန်တဲလ်သာသနာ့လင်းရောင်ခြည်ကျောင်းတိုက်တွင် ထားရှိကာ ၃၇ ဦးကို Home Quarantine နဲ့ Facility Quarantine ထားရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ထိ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ၈ ဦး၊ ရွှေကူ ၉၉ ဉီးနဲ့ ဗန်းမော်မြိုနယ် ၁ ဉီး စုစုပေါင်း ၁၀၈ ဦးထိရှိခဲ့သည်။

 
 

 

 

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...