စစ်ကောင်စီလက်အောက်ရှိသော ရဲ ၃ ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကောင်စီလက်အောက်ရှိသော ရဲ ၃ ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်သွားလမ်း ကပ်မှော်ကျေးရွာနှင့် ၂ မိုင်ခန့်ဝေးသည့် တံတားညီနောင်အနီးတွင်ရှိသော မကော့လယန်ခေါ် (Makaw La Yang) နေရာတွင် အာဏာသိမ်းစစ်တပ်၏ လက်အောက်ရှိသော ရဲသား ၃ ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။

ယမန်နေ့ ဇွန်လ ၃၀ ရက် ညနေပိုင်း ၄ နာရီဝန်ကျင်ခန့်တွင် ဖားကန့်ဘက်သို့တက်လာသော ကားတစ်စီးကို KIA က ဝင်ရောက်စစ်ဆေးခဲ့ရာ အရပ်ဝတ်ဖြင့် ရဲ ၃ ဦးကို ဖမ်းမိသဖြင့် KIA ရှိရာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။

“KIA က ပုံမှန်တော့မစစ်ဘူး။ တစ်ခါတစ်လေမှ ထွက်ပြီးစစ်လေ့ရှိတာ ဟုတ်တယ်။ မနေ့ကတော့ စစ်ဆေးကြည့်တော့ ရဲ ၃ ယောက်ပါတဲ့ကားကို စစ်မိလိုက်တာဖြစ်တယ်။ ရဲတွေက အရပ်ဝတ်တွေနဲ့ဖြစ်တယ်လို့ကြားတယ်။ KIA က ရဲမှန်းသိသွားတော့ ဖမ်းခေါ်သွားတယ်တဲ့” ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသည့် ရဲ ၃ ဦးတွင် သေနတ် ၃ လက်အပါအဝင် လက်လုပ်မိုင်းတစ်ချို့လည်းကို ကားပေါ်မှာ တွေ့ရှိခဲ့သည့်အတွက် အဆိုပါပစ္စည်းမျာကိုလည်း KIA က သိမ်းယူသွားကြောင်း သိရသည်။

KIA က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရဲ ၃ ဦးမှာ ဖားကန့်လုံးခင်းရဲစခန်းတွင် တာဝန်ကျနေသောသူများဖြစ်ကြောင်း နောက်ထပ် တိကျသောသတင်းအရင်းအမြစ်ထံမှ သိရပါသည်။

“ဖမ်းခံရတဲ့ ရဲက ၃ ယောက်တဲ့။ အားလုံးက ဒီ ဖားကန့် လုံခင်းရဲစခန်းက ဟုတ်တယ်လို့ကြားတယ်။ ဘယ်သူဖြစ်တယ်ဆိုတာက ကျနော်တို့ အသေးစိတ်စုံစမ်းလို့မရပါဘူး။ ကျနော်တို့အချင်းချင်း လှမ်းပြောပြရင်းနဲ့ သိသွားတာဘဲရှိတယ်” ဟု ပြောဆိုသည်။

ထို့သို့ KIA က ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် ယနေ့ နံနက်ပိုင်းတွင် နန့်ယားကျေးရွာအခြေစိုက် အာဏာသိမ်းစစ်တပ်ကုန်းမှ KIA ရှိရာဘက်သို့ လက်နက်ကြီးများ ၄ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း နန့်ယားဒေသခံတစ်ဦးထံမှ သိရသည်။

ရဲ ၃ ဦးကို ဖားကန့်လမ်းအနီးတလျှောက်တွင်ရှိသော KIA တပ်ရင်း ၄၄ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...