ကညင်ချောင်းစီးပွါးရေးဇုန်အတွင်း လမ်းများပျက်စီးမှုရှိလာ၍ ကုန်သွယ်ရာ၌ အခက်အခဲများကြုံနေရ

ကညင်ချောင်းစီးပွါးရေးဇုန်အတွင်း လမ်းများပျက်စီးမှုရှိလာ၍ ကုန်သွယ်ရာ၌ အခက်အခဲများကြုံနေရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ကညင်ချောင်းစီးပွါးရေးဇုန်အတွင်း လမ်းများပျက်စီးမှုရှိလာသဖြင့် ကုန်သွယ်မှုပြုရာ၌ အခက်အခဲများစွာကြုံတွေ့နေကြရကြောင်း သိရသည်။

"လမ်းက အတော်အခြေအနေဆိုးသွားပါပြီ။ ကားတွေမှောက်တာလည်းရှိတယ်။ ကြက်သွန်တွေမိုးစိုပြီး စွန့်ပစ်ရတာတွေလည်းရှိတယ်။ ကုန်ကားကြီးတွေသွားလာရာမှာ အလွန်အခက်အခဲရှိတယ်" ဟု ဘူးသီးတောင်မြို့နယ်မှလာရောက်ပြီး ကြက်သွန်များတင်ပို့နေသည့် ဦးအာယုကပြောသည်။

ကညင်ချောင်းစီးပွါးရေးဇုန်အား အစိုးရမှ ငွေကျပ်သိန်းပေါင်း ၂၅,၀၀၀ နှင့် ပုဂ္ဂလိကဖက်မှ ငွေကျပ်သိန်းပေါင်း ၁၃,၄၀၀ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၃၈,၄၀၀ ဖြင့် ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကညင်ချောင်းစီးပွါးရေးဇုန်အား မဖွင့်လှစ်သေးသော်လည်း ဧပြီလ ၁၃ ရက်နေ့မှစတင်ကာ မောင်တောနယ်စပ်ကုန်သွယ်မှုများအား အဆိုပါဇုန်မှ ကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

"လမ်းမကောင်းသလို ကုန်တွေထားမယ့်ဂိုဒေါင်လည်း မရှိဘူး။ မိုးရွာလာရင် ကုန်တွေကို တာပေါ်လိပ်နဲ့ အုပ်မိုးထားရတယ်" ဟု မောင်တောမြို့မှ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက ပြောသည်။

ကညင်ချောင်စီးပွါးဇုန်စီမံကိန်း အကောင်အထည်ဖော်တည်ဆောက်ရေး ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက "ပထမ warehouse (ကုန်လှောင်ရုံရရှိရေး)၊ ဒုတိယက ကျောက်ချောလမ်းကနေ ကွန်ကရစ်လမ်းရရှိရေး၊ တတိယကတော့ ရွှေဇားတံတားတစ်ခုတည်းကို အသုံးမပြုဘဲ မောင်တောမြို့ ဘုတ်ဆိပ် POE ဆိပ်ကမ်းကနေ တံတားသစ်တစ်ခုရရှိရေးအတွက် ခရိုင်အဆင့်ကနေ ပြည်နယ်အဆင့်၊ ပြည်နဟ်အဆင့်ကနေ နိုင်ငံတော်အဆင့်အထိတင်ပြထားတယ်" ဟု ဆိုသည်။

မောင်တောနယ်စပ်ကုန်သွယ်မှုအား မောင်တောမြို့ POE ဝင်/ထွက်စခန်းရှိရာ မောင်တောချောင်းမှ ကုန်သွယ်မှုပြုရာတွင် ဒီရေအခက်အခဲရှိကြောင်းလည်း ကုန်သည်များကဆိုကြသည်။

ကညင်ချောင်းစီးပွါးရေးဇုန်အား မောင်တောမြို့နှင့် ၄ မိုင်ခန့် အကွာတွင်ရှိသည့် ကညင်ချောင်းချောင်းမှာ ဒီရေအတက်အကျအခက်အခဲမရှိဘဲ ၂၄ နာရီ ကုန်သွယ်မှုပြုလုပ်နိုင်သောကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်မှုမြင့်မားလာစေရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောင်းသူစျေးကွက် ဖော်ဆောင်နိုင်ရေးအတွက် တည်ဆောက်ထားခြင်းလည်းဖြစ်သည်။

ကညင်ချောင်းစီးပွါးရေးဇုန်မှ ဧပြီလ ၁၃ ရက်နေ့မှစတင်၍ ကုန်သွယ်မှုပြုလုပ်ခဲ့ရာတွင် ဧပြီလအတွင်း ကုန်သွယ်မှုပမာဏ ၀ ဒသမ ၅၇၃ ဒေါ်လာသန်းနှင့် မေလအတွင်း ၁ ဒသမ ၁၁၄ ဒေါ်လာသန်းအထိ ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ကညင်ချောင်းစီးပွါးရေးဇုန်မှ ကုန်သွယ်မှုများအား လက်ရှိတွင် အခမဲ့ခွင့်ပြုထားသော်လည်း ပွင့်လင်းရာသီ၌ ဇုန်ဖွင့်လှစ်ပါက ကုန်တန်ချိန်အလိုက် အခကြေးငွေ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...