စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ရောဂါကြောင့်သေဆုံးသူ (၈) ဦးအထိရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ သတင်းမြစ်တွေကတဆင့် သိရပါတယ်။
ဇွန်လ (၂၈) ရက်နေ့အထိ (၇) ဦးသေဆုံးခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့တွင်မူ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးအဆောင်မှာ တက်ရောက်ကုသနေခဲ့သည့် မော်လမြိုင်မြို့က အသက် (၇၅) အရွယ် အမျိုးသားလူနာ (၁) ဦး ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။
လက်ရှိတွင် သေဆုံးသူကို စောင့်ရှောက်နေသူများနှင့် မိသားစုဝင်တွေကိုလည်း ဆေးရုံမှာ ဆက်လက်စောင့်ကြည့် ကုသနေတယ်လို့ သိရပါတယ်။
မော်လမြိုင်တွင် ကျော်ကြားဆောက်လုပ်ရေးမှ လှူဒါန်းထားသော isolation Ward - 3 ကို အရပ်ဘက်ကုသမှုအနေဖြင့် ပြန်လည်ဖွင့်လှစ်ထားပြီး ဒေသခံလူမှုကူညီရေးအဖွဲ့တွေရဲ့ကူညီမှုနှင့် လုပ်ငန်းပြန်လည်လည်ပတ်နေပါတယ်။
တကျော့ပြန် ပြန်လည်မြင့်တက်လာသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လေးရာနီးပါးရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ ကိန်းဂဏန်းအချက်အလက်တွေကနေ သိရပါတယ်။







