စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ (၈) ဦးရှိလာ

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ (၈) ဦးရှိလာ

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ရောဂါကြောင့်သေဆုံးသူ (၈) ဦးအထိရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ သတင်းမြစ်တွေကတဆင့် သိရပါတယ်။

ဇွန်လ (၂၈) ရက်နေ့အထိ (၇) ဦးသေဆုံးခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့တွင်မူ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးအဆောင်မှာ တက်ရောက်ကုသနေခဲ့သည့် မော်လမြိုင်မြို့က အသက် (၇၅) အရွယ် အမျိုးသားလူနာ (၁) ဦး ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။

 

လက်ရှိတွင် သေဆုံးသူကို စောင့်ရှောက်နေသူများနှင့် မိသားစုဝင်တွေကိုလည်း ဆေးရုံမှာ ဆက်လက်စောင့်ကြည့် ကုသနေတယ်လို့ သိရပါတယ်။

မော်လမြိုင်တွင် ကျော်ကြားဆောက်လုပ်ရေးမှ လှူဒါန်းထားသော isolation Ward - 3 ကို အရပ်ဘက်ကုသမှုအနေဖြင့် ပြန်လည်ဖွင့်လှစ်ထားပြီး ဒေသခံလူမှုကူညီရေးအဖွဲ့တွေရဲ့ကူညီမှုနှင့် လုပ်ငန်းပြန်လည်လည်ပတ်နေပါတယ်။

တကျော့ပြန် ပြန်လည်မြင့်တက်လာသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လေးရာနီးပါးရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ ကိန်းဂဏန်းအချက်အလက်တွေကနေ သိရပါတယ်။

 
 

 

 

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...