ဟုမ္မလင်းမြို့နယ်တွင် ဇွန်လအတွင်း Covid-19 ရောဂါပိုးအတည်ပြုလူနာ (၆၉) ဦးအထိရှိခဲ့

ဟုမ္မလင်းမြို့နယ်တွင် ဇွန်လအတွင်း Covid-19 ရောဂါပိုးအတည်ပြုလူနာ (၆၉) ဦးအထိရှိခဲ့

ဟုမ္မလင်းမြို့နယ်တွင် ဇွန်လ ၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ Covid-19 ရောဂါပိုးအတည်ပြုလူနာ (၆၉) ဦးအထိရှိလာခဲ့ကြောင်း သိရသည်။

ပိုးတွေ့အတည်ပြုလူနာများကို ကုတင် (၁ဝဝ) ‌ဆေးရုံ သံဃာဆောင်နှင့် ဆည်မြောင်းရုံး (ယာယီကုသဆောင်) တို့တွင် ကုသပေးနေပြီး (၉) ဦးမှာ ဆေးရုံဆင်းသွားပြီဖြစ်သည်။

ကူးစက်သူအများစုသည် ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာတချို့ကဖြစ်ပြီး တချို့မှာ ကလေး၊ တမူးနှင့် ဖောင်းပြင်နှင့် ဆားလင်းကြီးမြို့နယ်များမှဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်ရှိ သီတဂူသံဃာ့ဆေးရုံတွင် ကွာလတင်းစင်တာဖွင့်လှစ်ထားပြီး ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ယက်က လုပ်အားပေးများဆောင်ရွက်နေကြောင်း ဦးဆောင်သူများ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ဟုမ္မလင်းမြို့နယ်တွင် အာဏာမသိမ်းခင် နောက်ဆုံးအထိ ကူးစက်လူနာ (၄၁) ဦးရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...