ဟုမ္မလင်းမြို့နယ်တွင် ဇွန်လအတွင်း Covid-19 ရောဂါပိုးအတည်ပြုလူနာ (၆၉) ဦးအထိရှိခဲ့

ဟုမ္မလင်းမြို့နယ်တွင် ဇွန်လအတွင်း Covid-19 ရောဂါပိုးအတည်ပြုလူနာ (၆၉) ဦးအထိရှိခဲ့

ဟုမ္မလင်းမြို့နယ်တွင် ဇွန်လ ၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ Covid-19 ရောဂါပိုးအတည်ပြုလူနာ (၆၉) ဦးအထိရှိလာခဲ့ကြောင်း သိရသည်။

ပိုးတွေ့အတည်ပြုလူနာများကို ကုတင် (၁ဝဝ) ‌ဆေးရုံ သံဃာဆောင်နှင့် ဆည်မြောင်းရုံး (ယာယီကုသဆောင်) တို့တွင် ကုသပေးနေပြီး (၉) ဦးမှာ ဆေးရုံဆင်းသွားပြီဖြစ်သည်။

ကူးစက်သူအများစုသည် ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာတချို့ကဖြစ်ပြီး တချို့မှာ ကလေး၊ တမူးနှင့် ဖောင်းပြင်နှင့် ဆားလင်းကြီးမြို့နယ်များမှဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်ရှိ သီတဂူသံဃာ့ဆေးရုံတွင် ကွာလတင်းစင်တာဖွင့်လှစ်ထားပြီး ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ယက်က လုပ်အားပေးများဆောင်ရွက်နေကြောင်း ဦးဆောင်သူများ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ဟုမ္မလင်းမြို့နယ်တွင် အာဏာမသိမ်းခင် နောက်ဆုံးအထိ ကူးစက်လူနာ (၄၁) ဦးရှိခဲ့ကြောင်း သိရသည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...