ကိုဗစ်-၁၉ ပိုးတွေ့ရှိသည့် လားရှိုးမြို့မဈေး အရေးပေါ်ပိတ်မည်

ကိုဗစ်-၁၉ ပိုးတွေ့ရှိသည့် လားရှိုးမြို့မဈေး အရေးပေါ်ပိတ်မည်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မဈေးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကြောင့် အရေးပေါ်ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့မဈေးမှ ဈေးသည်တချို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသဖြင့် မြို့မဈေးကြီးကို ဇွန် (၁၈) မှစတင်ကာ ဇူလိုင် (၂) ရက်ထိ ပိတ်သွားမည်ဟု အရေးပေါ်ပိတ်လိုက်ရကြောင်း ဈေးတာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဈေးထဲမှာ ကိုဗစ်-၁၉ တွေ့ရှိလို့ ပိတ်လိုက်တာပါ၊ မနက်ဖြန် ၁၈ ရက်နေ့ကနေစပြီး နောက်လ (ဇူလိုင်လ) ၂ ရက်နေ့ထိ ပိတ်မယ်လို့ လျာထားပါတယ်” ဟု ဈေးတာဝန်ခံတစ်ဦးက သျှမ်းသံတောိဆင့်ကိုပြောသည်။

ထို့အပြင် မြို့မဈေးကြီးနှင့် ဆက်လျက်ရှိသည့် ကုန်စိမ်းဈေးရုံများရောင်းချသည့် ဆိုင်ခန်းပေါင်း (၄၀၀) ကျော်ကိုလည်း ပိတ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီမြို့မဈေးနဲ့ မြို့မဈေးအနီးတစ်ဝိုက် ဆိုင်ခန်းတွေအားလုံးကို ဇွန်လ ၁၈ ရက်ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ ပိတ်ထားခိုင်းတယ်လို့ ကြားတယ်” ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လားရှိုးမြို့မှာ ဒီနေ့ နေ့လယ် ၃ နာရီအထိ ကိုဗစ်ပိုးတွေ့ရှိသူ (၁၃) ဦး စစ်ဆေးတွေ့ရှိပြီးနောက် မြို့မဈေးကြီးကို အရေးပေါ်ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...