ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ဖြတ်သန်းသွားလာသူများကို အာဏာသိမ်းစစ်တပ်မှ စစ်ဆေးနေ

ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ဖြတ်သန်းသွားလာသူများကို အာဏာသိမ်းစစ်တပ်မှ စစ်ဆေးနေ

အာဏာသိမ်းစစ်တပ်သည် ဒေါ့ဖုန်းယန်မြို့မှ ခယာကျေးရွာ (Hka Ya) အထိ ကျေးရွာတစ်ချို့တွင် သွားလာသူများကို စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၇ ရက် ယနေ့တွင် ဒေါ့ဖုန်းယန်မြို့မှ ခလား (Hka La Mare)၊ ဒင်ဂါ (Ding Ga)၊ လွယ်မောက်ယန် (Loi Mawk Yang)၊ တုန်ဟုန်း (Dung Hkung) စသော ကျေးရွာများတွင် အာဏာသိမ်းစစ်တပ်အင်အား ၂၀၀ ကျော်ခန့်ရှိနေကြပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

“ဒေါ့ဖုန်းယန်ကနေ တောက်လျှောက် လုံခြုံရေးယူထားတယ်။ သူတို့က စစ်အင်အားတိုးချဲ့ဖို့နဲ့ ရိက္ခာသယ်ယူဖို့ထင်တယ်။ နောက်ပြီး ဗန်းမော်ဘက်ကို စစ်ကားတွေသွားဖို့ ပြင်ဆင်နေတယ်လို့လည်းကြားတယ်။ သေချာတော့ မသိရသေးဘူး” ဟု ပြောဆိုသည်။

ဒေါ့ဖုန်းယန်မြို့ပြင် ကျေးရွာများတွင်လည်း ဖြတ်သန်းသွားလာနေသော ပြည်သူများကို မှတ်ပုံတင်၊ ဖုန်းနှင့် ဆိုင်ကယ် စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သူက ဆက်လက်ပြောဆိုသည်။

ဇွန်လ ၁၆ ရက်နေ့ကလည်း မိုးမောက်ဘက်က အာဏာသိမ်းစစ်ကား ၇ စီးဖြင့် နွမ်လန့်ကျေးရွာအခြေစိုက် ခမရ ၄၃၈ သို့ စားနပ်ရိက္ခာများ သယ်ပို့ခဲ့ကြောင်း သိရသည်။

နွမ်းလန့်မှတဆင့် ဒေါ့ဖုန်းယန်မြို့သို့ ရိက္ခာနှင့် စစ်အင်အားပို့ဆောင်သော ယာဉ်တန်းနှင့် စစ်ကြောင်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မကြာခဏ ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo: KIA တပ်ရင်း ၆ ရှေ့တန်းစခန်း အောင်ဘာလေမှာ နေရာယူထားတဲ့ အစိုးရတပ်မ ၆၆ စစ်သား ၂ ဦး

 
 

 

 

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...