ဖားကန့်တွင် အာဏာသိမ်းစစ်တပ်ကို KIA မိုင်းဆွဲတိုက်ခိုက်

ဖားကန့်တွင် အာဏာသိမ်းစစ်တပ်ကို KIA မိုင်းဆွဲတိုက်ခိုက်

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကံစီး (Ginsi) နှင့် နမ်ဂျန် (Nam Jan) ကျေးရွာ ၂ ခုကြားတွင် ယနေ့နံနက်ပိုင်းက အာဏာသိမ်းစစ်ကြောင်းတစ်ခုကို ကချင်လွပ်လပ်ရေးတပ်မတော် KIA မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကံဆီးကျေးရွာမှ အာဏာသိမ်းစစ်တပ် အင်အား ၅၀ ခန့်သည် ယနေ့ နံနက် ၅ နာရီခန့် နမ်ဂျန်ဘက်သို့ ဆင်းလာခဲ့ရာ ကန်ဆီးကျေးရွာနှင့် ၃ မိုင်ခန့်ဝေးသည့် မှော်တစ်နေရာတွင် KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Ginsi ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကံဆီးကျေးရွာနဲ့က သိမ်မဝေးဘူး။ ကံဆီးဘက်က စီးနေတဲ့ ဥရုချောင်းနဲ့ နမ်ဂျန်ချောင်း ၂ ခုဆုံတဲ့နေရာမှာ တိုက်ပွဲဖြစ်ကြတာ ဟုတ်တယ်။ ဒီမနက် ၅ နာရီလောက်မှာ ကျနော်တို့ ကံစီးဘက်ကစစ်သားတွေ နမ်ဂျန်ဘက်ကို ဆင်းသွားကြတာဟုတ်တယ်။ အကြာဘူး။ ၈ နာရီလောက်မှာ KIA က လမ်းမှာစောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်တဲ့” ဟု ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်တပ်ဘက်က ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ကို ကြားသိရကြောင်း သူက ဆက်လက်ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့တွင် နမ်ဂျန်မှ စစ်အင်အား ၅၀ ခန့်သည် ကံစီးအခြေစိုက်စစ်တပ်သို့ ရောက်ရှိခဲ့ပြီး ယနေ့နံနက်အစောပိုင်းတွင် စစ်အင်အား ၅၀ ခန့်က လာရာလမ်းအတိုင်း ပြန်ခေါက်လာသောကြောင့် တပ်အပြောင်းအလဲသွားရောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲမဖြစ်ဘဲ ငြိမ်နေသည်ဟု တစ်လကျော်လာပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...