ဖားကန့်တွင် အာဏာသိမ်းစစ်တပ်ကို KIA မိုင်းဆွဲတိုက်ခိုက်

ဖားကန့်တွင် အာဏာသိမ်းစစ်တပ်ကို KIA မိုင်းဆွဲတိုက်ခိုက်

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကံစီး (Ginsi) နှင့် နမ်ဂျန် (Nam Jan) ကျေးရွာ ၂ ခုကြားတွင် ယနေ့နံနက်ပိုင်းက အာဏာသိမ်းစစ်ကြောင်းတစ်ခုကို ကချင်လွပ်လပ်ရေးတပ်မတော် KIA မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကံဆီးကျေးရွာမှ အာဏာသိမ်းစစ်တပ် အင်အား ၅၀ ခန့်သည် ယနေ့ နံနက် ၅ နာရီခန့် နမ်ဂျန်ဘက်သို့ ဆင်းလာခဲ့ရာ ကန်ဆီးကျေးရွာနှင့် ၃ မိုင်ခန့်ဝေးသည့် မှော်တစ်နေရာတွင် KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Ginsi ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကံဆီးကျေးရွာနဲ့က သိမ်မဝေးဘူး။ ကံဆီးဘက်က စီးနေတဲ့ ဥရုချောင်းနဲ့ နမ်ဂျန်ချောင်း ၂ ခုဆုံတဲ့နေရာမှာ တိုက်ပွဲဖြစ်ကြတာ ဟုတ်တယ်။ ဒီမနက် ၅ နာရီလောက်မှာ ကျနော်တို့ ကံစီးဘက်ကစစ်သားတွေ နမ်ဂျန်ဘက်ကို ဆင်းသွားကြတာဟုတ်တယ်။ အကြာဘူး။ ၈ နာရီလောက်မှာ KIA က လမ်းမှာစောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်တဲ့” ဟု ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်တပ်ဘက်က ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ကို ကြားသိရကြောင်း သူက ဆက်လက်ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့တွင် နမ်ဂျန်မှ စစ်အင်အား ၅၀ ခန့်သည် ကံစီးအခြေစိုက်စစ်တပ်သို့ ရောက်ရှိခဲ့ပြီး ယနေ့နံနက်အစောပိုင်းတွင် စစ်အင်အား ၅၀ ခန့်က လာရာလမ်းအတိုင်း ပြန်ခေါက်လာသောကြောင့် တပ်အပြောင်းအလဲသွားရောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲမဖြစ်ဘဲ ငြိမ်နေသည်ဟု တစ်လကျော်လာပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...