Published
Tuesday, June 15, 2021
မော်လမြိုင် PDO နှင့် မကွေး PDF ပူးပေါင်း
မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မကွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဘုံသဘောတူညီချက် (၇) ချက်ဖြင့် ပူးပေါင်းလိုက်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
“မကွေး PDF က ဆက်သွယ်ပြီး သဘောတူညီချက်ချမှတ်ကာ ပူးပေါင်းဖြစ်တာပါ” လို့ မော်လမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူ ကိုအာရွန်မိုးက သံလွင်တိုင်းသို့ ပြောပါသည်။
မော်လမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် လက်ရှိတွင် မွန်ပြည်နယ်ရှိ အခြားသောမြို့နယ်များ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းထားပြီး မကြာမီတွင် ကြေငြာမည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့အဖြစ် အမည်ပြောင်းလဲထားသည်။








