ရန်ကုန် SNLD ရုံးခန်း ပြည်ထဲရေး ဝင်ရောက်စစ်ဆေးမေးမြန်းခဲ့

ရန်ကုန် SNLD ရုံးခန်း ပြည်ထဲရေး ဝင်ရောက်စစ်ဆေးမေးမြန်းခဲ့

ရန်ကုန်မြို့တွင် အခြေစိုက်ထားသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) (ကျားခေါင်း) ပါတီကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဝင်ရောက်စစ်ဆေးမေးမြန်းခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန် (၁၀) ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိ၊ မရှိနှင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသည့် ပြဌာန်းချက်များနှင့် ငြိစွန်းမှု ရှိ၊မရှိကို လာရောက်စစ်ဆေးမေးမြန်းကြောင်း သိရသည်။

လာရောက်စစ်ဆေးသည့်အထဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းများဖြစ်သည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်ကြောင်း သိရသည်။

“SNLD မှ ပါတီဝင်များ အမတ်များအနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ အဆက်အသွယ်ရှိ/မရှိ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့) တွေက မေးမြန်းခဲ့ပါတယ်” ဟု SNLD ပါတီမှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ရန်ကုန်အခြေစိုက် SNLD ပါတီရုံးခန်းအပြင် ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေပါတီသစ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...