စစ်ကောင်စီသြဇာခံ ပညာရေးဝန်ထမ်း ၁၈ ဦးအား ကံပေါက်ဒေသခံပြည်သူများမှ အမည်ပျက်စာရင်းကြေညာ

စစ်ကောင်စီသြဇာခံ ပညာရေးဝန်ထမ်း ၁၈ ဦးအား ကံပေါက်ဒေသခံပြည်သူများမှ အမည်ပျက်စာရင်းကြေညာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အ.ထ.က-ကံပေါက်၊ မူလွန်-လှည်းကုန်း၊ မူလွန်-မိကျောင်းအိုင် စသည့် ကျောင်း ၃ ကျောင်းမှ စစ်ကောင်စီသြဇာခံ ပညာရေးဝန်ထမ်း ၁၈ ဦးအား ဒေသခံပြည်သူများမှ အမည်ပျက်စာရင်းကြေညာလိုက်သည်။

အ.ထ.က-ကံပေါက်ကျောင်းတွင် စာရင်းရှိကျောင်းသားဦးရေ ၁၆၀၀ ကျော်ရှိသော်လည်း ဇွန်လ ၄ ရက်နေ့အထိစာရင်းများအရ ကျောင်းအပ်သူ ၁၀၀ နီးပါးနှင့် ကျောင်းတက်သူ ၄၀ နီးပါးသာရှိကြောင်း သိရသည်။

ကျောင်းအပ်နှံသူအများစုမှာ ကံပေါက်ဒေသအနီးတဝိုက်ရှိ တပ်ရင်းတပ်စခန်းများမှ တပ်မိသားစုဝင်များဖြစ်ကြပြီး ကျန်အနည်းစုမှာ တပ်ထောက်ခံသူ မိသားစုဝင်များမှ ဖြစ်ကြသည်။

ကံပေါက်ဒေသခံအများစုကမူ စစ်ကောင်စီသြဇာခံ ဆရာ/ဆရာမများဖြင့် ဖွင့်လှစ်သည့် ကျောင်းပညာရေးကို အပ်နှံခြင်းမရှိချေ။

အထက-ကံပေါက်တွင် ပညာရေးဝန်ထမ်းအင်အား ၆၀ နီးပါးရှိသည့်အနက် စစ်ကောင်စီမှ ၄၄ ဦး ထုတ်ပယ်ခဲ့သဖြင့် စစ်ကောင်စီသြဇာခံ ပညာရေးဝန်ထမ်း ၁၃ ဦးဖြင့် ကျောင်းဖွင့်လျက်ရှိသည်။

စစ်ကောင်စီတပ်များမှလည်း အထက-ကံပေါက်နှင့် CB ဘဏ်တွင် နေ့ရောညပါ နေရာယူအခြေချ တပ်စွဲထားသည်။

မူလွန်-လှည်းကုန်းတွင် ကျောင်းသားဦးရေ ၃၀၀ ကျော်ရှိသော်လည်း ကျောင်းတက်သူဦးရေ တစ်ဆယ်ကျော်သာရှိပြီး မူလွန်-မိကျောင်းအိုင်မှာမူ ဇွန်လ ၄ ရက်အထိ ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

ရေဖြူမြို့နယ်တွင် မူလတန်းအဆင့် ၁၀၅၄ ဦး၊ အလယ်တန်းအဆင့် ၄၃၇ ဦး၊ အထက်တန်းအဆင့် ၆၁ ဦး ကျောင်းတက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသြဇာခံ ပြန်/ဆက်မှ ဇွန် ၄ ရက်နေ့က ကြေညာခဲ့သည်။

May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...