စစ်ကောင်စီသြဇာခံ ပညာရေးဝန်ထမ်း ၁၈ ဦးအား ကံပေါက်ဒေသခံပြည်သူများမှ အမည်ပျက်စာရင်းကြေညာ

စစ်ကောင်စီသြဇာခံ ပညာရေးဝန်ထမ်း ၁၈ ဦးအား ကံပေါက်ဒေသခံပြည်သူများမှ အမည်ပျက်စာရင်းကြေညာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အ.ထ.က-ကံပေါက်၊ မူလွန်-လှည်းကုန်း၊ မူလွန်-မိကျောင်းအိုင် စသည့် ကျောင်း ၃ ကျောင်းမှ စစ်ကောင်စီသြဇာခံ ပညာရေးဝန်ထမ်း ၁၈ ဦးအား ဒေသခံပြည်သူများမှ အမည်ပျက်စာရင်းကြေညာလိုက်သည်။

အ.ထ.က-ကံပေါက်ကျောင်းတွင် စာရင်းရှိကျောင်းသားဦးရေ ၁၆၀၀ ကျော်ရှိသော်လည်း ဇွန်လ ၄ ရက်နေ့အထိစာရင်းများအရ ကျောင်းအပ်သူ ၁၀၀ နီးပါးနှင့် ကျောင်းတက်သူ ၄၀ နီးပါးသာရှိကြောင်း သိရသည်။

ကျောင်းအပ်နှံသူအများစုမှာ ကံပေါက်ဒေသအနီးတဝိုက်ရှိ တပ်ရင်းတပ်စခန်းများမှ တပ်မိသားစုဝင်များဖြစ်ကြပြီး ကျန်အနည်းစုမှာ တပ်ထောက်ခံသူ မိသားစုဝင်များမှ ဖြစ်ကြသည်။

ကံပေါက်ဒေသခံအများစုကမူ စစ်ကောင်စီသြဇာခံ ဆရာ/ဆရာမများဖြင့် ဖွင့်လှစ်သည့် ကျောင်းပညာရေးကို အပ်နှံခြင်းမရှိချေ။

အထက-ကံပေါက်တွင် ပညာရေးဝန်ထမ်းအင်အား ၆၀ နီးပါးရှိသည့်အနက် စစ်ကောင်စီမှ ၄၄ ဦး ထုတ်ပယ်ခဲ့သဖြင့် စစ်ကောင်စီသြဇာခံ ပညာရေးဝန်ထမ်း ၁၃ ဦးဖြင့် ကျောင်းဖွင့်လျက်ရှိသည်။

စစ်ကောင်စီတပ်များမှလည်း အထက-ကံပေါက်နှင့် CB ဘဏ်တွင် နေ့ရောညပါ နေရာယူအခြေချ တပ်စွဲထားသည်။

မူလွန်-လှည်းကုန်းတွင် ကျောင်းသားဦးရေ ၃၀၀ ကျော်ရှိသော်လည်း ကျောင်းတက်သူဦးရေ တစ်ဆယ်ကျော်သာရှိပြီး မူလွန်-မိကျောင်းအိုင်မှာမူ ဇွန်လ ၄ ရက်အထိ ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

ရေဖြူမြို့နယ်တွင် မူလတန်းအဆင့် ၁၀၅၄ ဦး၊ အလယ်တန်းအဆင့် ၄၃၇ ဦး၊ အထက်တန်းအဆင့် ၆၁ ဦး ကျောင်းတက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသြဇာခံ ပြန်/ဆက်မှ ဇွန် ၄ ရက်နေ့က ကြေညာခဲ့သည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...