အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်သဖြင့် ပူတာအိုဒေသခံတစ်ဦး ခြေတစ်ဖက်ကျိုး

အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်သဖြင့် ပူတာအိုဒေသခံတစ်ဦး ခြေတစ်ဖက်ကျိုး

ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာတွင် (Hpak Ma Mare) အရှိန်ဖြင့်မောင်းလာသော အာဏာသိမ်းစစ်တပ်ယာဉ်တန်းက ဆိုက်ကယ်ဖြင့်သွားနေသည့် ပြည်သူတစ်ဦးကို ကားဖြင့်တိုက်ခဲ့သောကြောင့် ခြေကျိုးသည်အထိ ဒဏ်ရာရရှိထားကြောင်း သိရသည်။

ဇွန်လ ၅ ရက်နေ့ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအုပ်စုရှိ အုပ်ချုပ်မှူးများနှင့် ဆယ်အိမ်မှူး ၁၇ ယောက်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ပူတာအိုဘက်သို့ ကားဖြင့်ခေါ်လာစဉ် အဆိုပါယာဉ်တန်းက ဖတ်မာကျေးရွာတွင်နေထိုင်သည့် အသက် ၅၀ အရွယ် ဦး Tsam La ကို ကားဖြင့်တိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“စစ်သားတွေမောင်းလာတဲ့ကားက ကျနော်တို့ရွာက ဦးလေးတစ်ယောက်ကို ဝင်တိုက်ထားတယ်။ သူတို့က လှည့်တောင်မကြည့်ကြဘူး။ အဲ့ဦးလေးက တိုက်ခံရတဲ့နေရာမှာ မှောက်လှဲသွားပြီး ခြေထောက်တစ်ဖက်ကျိုးသွားတယ်။ တာဝန်ယူတာလည်းမရှိဘူး” ဟု ပြောဆိုသည်။

ဒဏ်ရာပြင်းထန်ခဲ့သည့် ဦး Tsam La ကို ဖတ်မာကျေးရွာတွင် ဆေးကုသရန်ခက်ခဲသောကြောင့် မိသားစုဝင်များက ဆွမ်ပီယန်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားပြီး တိုင်းရင်းဆေးဖြင့် ကုသနေရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဆွမ်ပရာဘွမ်နှင့် ပူတာအိုလမ်းမပေါ်ရှိ ပြည်သူများကို ဖမ်းဆီးပြီး ၎င်းတို့၏ စစ်ယာဉ်တန်းလုံခြုံရေးအတွက် လူသားဒိုင်းအဖြစ် ခေါ်ဆောင်မှုများပြုလုပ်နေကြောင်း သိရသည်။

Photo: စစ်ကားဖြင့်တိုက်ခံရသော ပူတာအိုဒေသခံတစ်ဦး

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...