အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်သဖြင့် ပူတာအိုဒေသခံတစ်ဦး ခြေတစ်ဖက်ကျိုး

အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်သဖြင့် ပူတာအိုဒေသခံတစ်ဦး ခြေတစ်ဖက်ကျိုး

ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာတွင် (Hpak Ma Mare) အရှိန်ဖြင့်မောင်းလာသော အာဏာသိမ်းစစ်တပ်ယာဉ်တန်းက ဆိုက်ကယ်ဖြင့်သွားနေသည့် ပြည်သူတစ်ဦးကို ကားဖြင့်တိုက်ခဲ့သောကြောင့် ခြေကျိုးသည်အထိ ဒဏ်ရာရရှိထားကြောင်း သိရသည်။

ဇွန်လ ၅ ရက်နေ့ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအုပ်စုရှိ အုပ်ချုပ်မှူးများနှင့် ဆယ်အိမ်မှူး ၁၇ ယောက်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ပူတာအိုဘက်သို့ ကားဖြင့်ခေါ်လာစဉ် အဆိုပါယာဉ်တန်းက ဖတ်မာကျေးရွာတွင်နေထိုင်သည့် အသက် ၅၀ အရွယ် ဦး Tsam La ကို ကားဖြင့်တိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“စစ်သားတွေမောင်းလာတဲ့ကားက ကျနော်တို့ရွာက ဦးလေးတစ်ယောက်ကို ဝင်တိုက်ထားတယ်။ သူတို့က လှည့်တောင်မကြည့်ကြဘူး။ အဲ့ဦးလေးက တိုက်ခံရတဲ့နေရာမှာ မှောက်လှဲသွားပြီး ခြေထောက်တစ်ဖက်ကျိုးသွားတယ်။ တာဝန်ယူတာလည်းမရှိဘူး” ဟု ပြောဆိုသည်။

ဒဏ်ရာပြင်းထန်ခဲ့သည့် ဦး Tsam La ကို ဖတ်မာကျေးရွာတွင် ဆေးကုသရန်ခက်ခဲသောကြောင့် မိသားစုဝင်များက ဆွမ်ပီယန်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားပြီး တိုင်းရင်းဆေးဖြင့် ကုသနေရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဆွမ်ပရာဘွမ်နှင့် ပူတာအိုလမ်းမပေါ်ရှိ ပြည်သူများကို ဖမ်းဆီးပြီး ၎င်းတို့၏ စစ်ယာဉ်တန်းလုံခြုံရေးအတွက် လူသားဒိုင်းအဖြစ် ခေါ်ဆောင်မှုများပြုလုပ်နေကြောင်း သိရသည်။

Photo: စစ်ကားဖြင့်တိုက်ခံရသော ပူတာအိုဒေသခံတစ်ဦး

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...