ဒေါ့ဖုန်းယန်မြို့အနီးတွင် အကြမ်းဖက်စစ်တပ်ကို KIA က ကြားဖြတ်တိုက်ခိုက်

ဒေါ့ဖုန်းယန်မြို့အနီးတွင် အကြမ်းဖက်စစ်တပ်ကို KIA က ကြားဖြတ်တိုက်ခိုက်

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ဘက်သို့ စစ်အင်အား ၂၀၀ ခန့် တိုးချဲ့လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းကို KIA က ယနေ့ မနက် ၁၀ နာရီဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်လမ်းမကြီးအတိုင်း နွမ်းလန်ကျေးရွာမှ စစ်ကား ၈ စီးဖြင့် တက်လာသည့် စစ်ယဉ်တန်းကိ ဒေါ့ဖုန်းယန်မရောက်မှီ ၂ မိုင်ခန့်အလို လိုင်ဂျော်ကုန်းတွင် KIA တပ်ရင်း ၁၉ က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တိုက်ပွဲက နာရီဝက်လောက်ရှိနေပြီ။ အခုချိန်ထိ လက်နက်ကြီးသံတွေ တစ်ချက်ချက် ကြားနေရသေးတယ်။ နွမ်လန့်ဘက်မှတက်လာကြတဲ့ စစ်သားတွေဟုတ်တယ်။ KIA က စောင့်ပြီးဝင်တိုက်တာ။ သေဆုံးထိခိုက်တာတွေ ဘာမှမသိရသေးဘူး” ဟု ပြောဆိုသည်။

ဒေါ့ဖုန်းယန်မြိုတွင် အာဏာသိမ်းစစ်တပ်က စစ်အင်အားတို့ချဲ့နေသဖြင့် KIA က ကြားဖြတ်တိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်နေပြီး တစ်ပတ်တွင် အနည်းဆုံး ၃ ကြိမ်ခန့် ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သောအပတ် ဇွန်လ ၃ ရက်နေ့ကလည်း နွမ်လန့်ကျေးရွာမှတက်လာသည့် စစ်အင်အား ၁၅၀ ခန့်ကို ဒေါ့ဖုန်းယန်မရောက်မှီ အူထန်ယန်ကျေးရွာအနီး KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်သေဆုံးသူ ၂၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးတွင်ရှိသလို အလောဘွမ်တောင်ခြေအောက်တွင် တည်ရှိနေသောကြောင့် အာဏာသိမ်းစစ်တပ်ဘက်မှ တပ်မ ၈၈ နှင့် ၇၇ တို့မှ စစ်အင်အား ၈၀၀ ကျော်ထက်မနည်း တိုးချဲ့ထားကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...