ဒေါ့ဖုန်းယန်မြို့အနီးတွင် အကြမ်းဖက်စစ်တပ်ကို KIA က ကြားဖြတ်တိုက်ခိုက်

ဒေါ့ဖုန်းယန်မြို့အနီးတွင် အကြမ်းဖက်စစ်တပ်ကို KIA က ကြားဖြတ်တိုက်ခိုက်

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ဘက်သို့ စစ်အင်အား ၂၀၀ ခန့် တိုးချဲ့လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းကို KIA က ယနေ့ မနက် ၁၀ နာရီဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်လမ်းမကြီးအတိုင်း နွမ်းလန်ကျေးရွာမှ စစ်ကား ၈ စီးဖြင့် တက်လာသည့် စစ်ယဉ်တန်းကိ ဒေါ့ဖုန်းယန်မရောက်မှီ ၂ မိုင်ခန့်အလို လိုင်ဂျော်ကုန်းတွင် KIA တပ်ရင်း ၁၉ က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တိုက်ပွဲက နာရီဝက်လောက်ရှိနေပြီ။ အခုချိန်ထိ လက်နက်ကြီးသံတွေ တစ်ချက်ချက် ကြားနေရသေးတယ်။ နွမ်လန့်ဘက်မှတက်လာကြတဲ့ စစ်သားတွေဟုတ်တယ်။ KIA က စောင့်ပြီးဝင်တိုက်တာ။ သေဆုံးထိခိုက်တာတွေ ဘာမှမသိရသေးဘူး” ဟု ပြောဆိုသည်။

ဒေါ့ဖုန်းယန်မြိုတွင် အာဏာသိမ်းစစ်တပ်က စစ်အင်အားတို့ချဲ့နေသဖြင့် KIA က ကြားဖြတ်တိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်နေပြီး တစ်ပတ်တွင် အနည်းဆုံး ၃ ကြိမ်ခန့် ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သောအပတ် ဇွန်လ ၃ ရက်နေ့ကလည်း နွမ်လန့်ကျေးရွာမှတက်လာသည့် စစ်အင်အား ၁၅၀ ခန့်ကို ဒေါ့ဖုန်းယန်မရောက်မှီ အူထန်ယန်ကျေးရွာအနီး KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်သေဆုံးသူ ၂၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးတွင်ရှိသလို အလောဘွမ်တောင်ခြေအောက်တွင် တည်ရှိနေသောကြောင့် အာဏာသိမ်းစစ်တပ်ဘက်မှ တပ်မ ၈၈ နှင့် ၇၇ တို့မှ စစ်အင်အား ၈၀၀ ကျော်ထက်မနည်း တိုးချဲ့ထားကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...