ပူတာအို စစ်ရှောင်စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က စစ်အင်အားဖြင့် ဝင်ရောက်စီးနင်း

ပူတာအို စစ်ရှောင်စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က စစ်အင်အားဖြင့် ဝင်ရောက်စီးနင်း

ပူတာအိုမြို့ လုံးစွတ် (Lung Sut) ရပ်ကွက်ရှိ စစ်ရှောင်စခန်းတွင် KIA ထောက်လှမ်းရေးရှိနေသည်ဟုပြောဆိုကာ မသင်္ကာမှုဖြင့် အာဏာသိမ်းစစ်တပ်က စစ်ရှောင်များကို လာရောက်ခြိမ်းခြောက်သွားကြောင်း သိရသည်။

ယနေ့ ညနေ ၄ နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ် ကား ၂ စီးဖြင့် အင်အား ၃၀ ခန့်က စခန်းအတွင်းသို့ ဝင်ရောက်ကာ ယခုလို လာရောက်ခြိမ်းခြောက် ပြောဆိုသွားခြင်းဖြစ်သည်ဟု အမည်မဖာ်လိုသူ စစ်ရှောင်တစ်ဦးက ပြောသည်။

“အခုလေးတင် စစ်သားတွေက ကျနော်တို့ ပူတာအို စစ်ရှောင်စခန်းကို မသင်္ကာလို့ လာတယ်တဲ့ အတင်းအကျပ် လာမေးနေတယ်။ KIA ထောက်လှမ်းရေးရှိနေတယ်ဆိုပြီး လာစွပ်စွဲနေတယ်။ ကျနော်တို့စစ်ရှောင်တွေက အရမ်းကြောက်နေကြတယ်” ဟု ဆိုသည်။

စစ်ရှောင်စခန်းအတွင်းသို့ ဝင်ရောက်လာသော စစ်ကား ၂ စီးအပြင်၊ စခန်းပြင်ပနှင့် အနီးတစ်ဝိုက်တွင်လည်း စစ်ကားအများအပြားဖြင့် ပိတ်ဆို့ကာ လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နာရီဝက်ကြာ စစ်ဆေးခဲ့ပြီးနောက် ပြန်လည်ထွက်ခွာသွားသည်ဟု သိရသည်။

ပူတာအိုမြို့ရှိ အကြီးဆုံး ခလရ ၄၆ တပ်ရင်းဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြီးခဲ့သည့်အပတ်က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သလို၊ ယနေ့ နံနက်တွင်လည်း လေယာဉ်ကွင်းကို ဒုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ပူတာအို- လုံရှာယန် လမ်းတွင်လည်း ယခင်ရက်များက တိုက်ပွဲဖြစ်ပွားခဲ့သည်။

ပူတာအိုမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားလာချိန် တိုက်ပွဲကြောင့် စစ်ရှောင်နေရသော စစ်ရှောင်ပြည်သူများကို အာဏာသိမ်းစစ်တပ်ဘက်မှ လာရောက်ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...