မူလာရှီးဒီကြိုးတံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များက ဒေသခံများထံမှ ဂိတ်ကြေးအတင်းကောက်ခံနေ

မူလာရှီးဒီကြိုးတံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များက ဒေသခံများထံမှ ဂိတ်ကြေးအတင်းကောက်ခံနေ

ပူတာအိုမြို့နယ်၊ မူလာရှီးဒီကြိုးတံတားပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲတို့ပူပေါင်းပြီး ဖြတ်သန်းသွားလာနေသည့် ဒေသခံပြည်သူများထံမှ အတင်းငွေကြေးကောက်ခံနေသည်ဟု ဒေသခံများ သတင်းပေးပို့လာချက်မှ သိရသည်။

မူလာရှီးဒီးကြိုးတံတားပေါ် စစ်ဆေးရေးဂိတ်တွင် ငွေကြေးကောက်ခံနေသည်မှာ ၂ ပတ်ခန့်ရှိလာပြီး ယခင်က ပူတာအိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကောက်ခံခြင်းမရှိဘဲ ခရီးသည်များကားများကိုသာ ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု ကြုံတွေ့ခဲ့သည့် မူလာရှီးဒီတွင်နေထိုင်သူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

"အခုနောက်ပိုင်း သူတို့က ဒေသခံတွေကိုပါ ဂိတ်ကျော်ခဆိုပြီး လိုက်တောင်းနေတယ်။ ဘာနဲ့ဖြတ်ဖြတ် အကုန်လိုက်တောင်းနေသလိုဖြစ်နေပြီ။ တောင်းပြီးမှ မပေးရင် ထောက်ခံစာတွေအမျိုးမျိုးတောင်းလာတယ်။ မပြနိုင်ရင် မဖြတ်ခိုင်းဘူး။ အရင်တုန်းကလည်း ကောက်ပါတယ်။ ဒါပေမယ့် ဒေသခံတွေကိုမကောက်ဘူး။ မြစ်ကြီးနားလို အဝေးကလာတဲ့ ကုန်သည်ကားတွေကိုတောင်းတယ်" ဟု ပြောဆိုသည်။

ထိုစစ်ဆေးရေးဂိတ်တွင် ဂိတ်ကျော်ဖြတ်ခအဖြစ် တစ်ထောင်မှ ငါးထောင်အထိ ကောက်ခံနေပြီး လုံခြုံရေးအရခေါင်းစဉ်ဖြင့် ထောက်ခံစာများပြခိုင်းကာ ငွေဖိတောင်းခံနေသည့်ပုံစံဖြစ်သည်ဟု သူကဆက်ဆိုသည်။

အဆိုပါ မူလာရှီးဒီစစ်ဆေးဂိတ်တွင် စစ်တပ်က အာဏာမသိမ်းခင် စုပေါင်းဂိတ်အဖြစ် အစိုးရဌာနဆိုင်ရာအသီးသီးမှ တာဝန်ထမ်းဆောင်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိတွင် စစ်တပ်နှင့်ရဲတို့သာ ဂိတ်တွင်ရှိကြောင်း သိရသည်။

ပူတာအိုမြို့နယ်အတွင်း တိုက်ပွဲပြန်လည်ပြင်းထန်လာသည့်အတွက် အဆိုပါစစ်ဆေးရေးဂိတ်တွင် မေလ ၂၉ ရက်နေ့မှစကာ နေ့အချိန်မှသာ စောင့်ကြည့်မည်ဖြစ်ပြီး ညအိပ်စွန့်ခွာသွားခဲ့ကြောင်း ဒေသခံများပြောဆိုသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...