Published
Monday, May 31, 2021
ဒီးမော့ဆိုစစ်ရှောင် ရိက္ခာပို့လူငယ် (၃) ဦး ပျောက်နေကြောင်း PKPF ထုတ်ပြန်
ကယားပြည် (ကရင်နီ) လွိုင်ကော်မြို့မှ အရပ်သားပြည်သူ ၃ ဦးသည် ဒီးမော့ဆိုမြို့နယ် ထီပိုးကလိုး စစ်ရှောင်များအတွက် (မေ ၂၆) ရက်တွင် ရိက္ခာသွားပို့ရင်း အပြန်လမ်း၌ ပျောက်ဆုံးနေကြောင်း PKPF က သတင်းထုတ်ပြန်သည်။
ထိုပျောက်ဆုံးနေသူများသည် အသက် ၂၉ နှစ်အရွယ် ယာဉ်မောင်း စိုင်းလင်းလင်းဦး၊ အသက် ၁၉ နှစ်အရွယ် မနန္ဒာဦးခင်၊ အသက် ၂၀ အရွယ် မမေဇင်ထူးတို့ဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးနေသည့် (၃) ဦး သည် ယနေ့ ၂၈ ရက်နေ့အထိ အဆက်အသွယ် လုံးဝပြတ်တောက်နေသဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟုလည်း PKPF က ကောက်ချက်ချထားသည်။







