ဒီးမော့ဆိုစစ်ရှောင် ရိက္ခာပို့လူငယ် (၃) ဦး ပျောက်နေကြောင်း PKPF ထုတ်ပြန်

ဒီးမော့ဆိုစစ်ရှောင် ရိက္ခာပို့လူငယ် (၃) ဦး ပျောက်နေကြောင်း PKPF ထုတ်ပြန်

ကယားပြည် (ကရင်နီ) လွိုင်ကော်မြို့မှ အရပ်သားပြည်သူ ၃ ဦးသည် ဒီးမော့ဆိုမြို့နယ် ထီပိုးကလိုး စစ်ရှောင်များအတွက် (မေ ၂၆) ရက်တွင် ရိက္ခာသွားပို့ရင်း အပြန်လမ်း၌ ပျောက်ဆုံးနေကြောင်း PKPF က သတင်းထုတ်ပြန်သည်။

ထိုပျောက်ဆုံးနေသူများသည် အသက် ၂၉ နှစ်အရွယ် ယာဉ်မောင်း စိုင်းလင်းလင်းဦး၊ အသက် ၁၉ နှစ်အရွယ် မနန္ဒာဦးခင်၊ အသက် ၂၀ အရွယ် မမေဇင်ထူးတို့ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် (၃) ဦး သည် ယနေ့ ၂၈ ရက်နေ့အထိ အဆက်အသွယ် လုံးဝပြတ်တောက်နေသဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟုလည်း PKPF က ကောက်ချက်ချထားသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...