နောင်းမီ ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ

နောင်းမီ ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ

လီဒိုလမ်းမပေါ် နောင်းမီကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ယမန်နေ့ညက ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

အသက် ၆၀ အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးဖုန်းကျော်သည် မေလ ၂၇ ရက်ည ၈ နာရီခွဲခန့်က သူ၏နေအိမ်တွင် ပစ်သတ်ခံရကြောင်း နောင်းမီဒေသခံတစ်ဦးက ယခုလိုပြောပြသည်။

“သတ်ခံရတဲ့သူက နောင်မီကျေးရွာရဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ ဒီရွာမှာ ပြည်သူ့စစ်ခေါင်းဆောင်လုပ်တာ ၁၀ နှစ်နီးပါးလောက်ရှိပြီ။ မနေ့ညကတော့ သူရဲ့အိမ်မှာဘဲ ဝင်ပစ်သတ်သွားတယ်လို့သိရတယ်” ဟု ပြောဆိုသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးဖုန်းကျော်ကို နေအိမ်တွင် ဝင်ရောက်ပစ်သတ်သွားသူမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIA ကဖြစ်နိုင်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

“ကျနော်ထင်တာက KIA ပစ်တယ်လို့ဘဲထင်တယ်။ ဘာကြောင့်လဲဆိုတော့ ရှဒူးဇွပ်ကျေးရွာက ပြည်သူ့စစ်နေအိမ်ကိုသွားပစ်တော့ KIA ဘက်က ၄ ယောက်တောင် ပစ်သတ်ခံရလို့ ပြန်လာလုပ်တယ်လို့ဘဲမြင်တယ်” ဟု သူက သုံးသပ်ပြောဆိုသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးဖုန်းကျော် ပစ်သတ်ခံရသောကြောင့် နောင်းမီအုပ်ချုပ်ရေးမှူးကို စစ်တပ်ဘက်က ခေါ်ဆောင်သွားသော်လည်း ယနေ့ နံနက် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့များသည် အာဏာသိမ်းစစ်တပ်အောက် သစ္စာခံများဖြစ်ကာ စစ်တပ်ဘက်၏ သတင်းပေးအဖြစ်ရှိနေကြကြောင်း ဒေသခံများက ပြောဆိုနေကြပါသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...