Published
Tuesday, May 25, 2021
စစ်ကောင်စီကဖွင့်မည့် လမ်းခွ (Lam Braw Yang) ကျောင်းတက်ရန် ၁ ဦးသာရှိ
မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွ (Lam Braw Yang) ကျေးရွာအထက်တန်းကျောင်းတွင် ကျောင်းတက်ရန် ကျောင်းသား ၁ ဦးသာရှိကြောင်း သိရသည်။
လမ်းခွကျေးရွာတစ်ခုလုံးရှိ ကျောင်းသူ/သားများက ကျောင်းတက်မည်မဟုတ်သော်လည်း အမည်မဖော်လိုသော ကျောင်းသားတစ်ဦးသာ ကျောင်းတက်ရန်စီစဉ်နေသည်ဟု လမ်ဘရော့ယန် ဒေသခံတစ်ဦးက ပြောသည်။
"လမ်ဘရော့ယန်မှာက ဘယ်သူမှမတက်ကြဘူး။ အမည်စာရင်းသွားထည့်သူတွေလည်း မရှိကြဘူး။ ဒါပေမယ့် တစ်ယောက်တော့ရှိတယ်တဲ့" ဟု ပြောဆိုသည်။
သို့သော် နမ္မတီးမြို့မရပ်ကွက် အထက်တန်းကျောင်းတွင် ရဲနှင့်စစ်သားက လုံခြုံရေးယူပေးကာ ကျောင်းအမည်စာရင်း ကောက်ခံမှုများရှိနေကြောင်း သိရသည်။







