ကချင်လူငယ် တက်ကြွလှုပ်ရှားသူ ၂ ဦး အကြမ်းဖက်ဖမ်းဆီးခံရ

ကချင်လူငယ် တက်ကြွလှုပ်ရှားသူ ၂ ဦး အကြမ်းဖက်ဖမ်းဆီးခံရ

ကချင်လူငယ်အရေး တက်ကြွလှုပ်ရှားသူများဖြစ်ကြသော လွမ်းဇောင်းနှင့် ဆိုင်းနူးပန်တို့ ၂ ဦးကို ယမန်နေ့ မေလ ၂၁ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က သေနတ်ပစ်ဖောက်ကာ ကားဖြင့်ဝင်တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဆိုင်းနူးပန်၏အဖိုး နာရေးအစီစဉ်မှ အပြန်လမ်းတွင် စစ်တပ်က ကားသုံးစီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက ယခုလိုပြောပြသည်။

“နောင်နန်းဂျော်ဘွမ် ခရစ်ယာန်သုသာန် နာရေးကအပြန် သေနတ်နဲ့အရင်ပစ်ဖောက်ပြီး ရပ်ခိုင်းတယ်။ ၈ မိုင်ဘောလုံးကွင်းနားရောက်တော့ မဆိုင်နူးပန်နဲ့ ကိုလွမ်းဇောင်းတို့စီးလာတဲ့ကားကို ဝင်တိုက်ပြီး အရပ်ဝတ်တွေနဲ့ သေနတ်အတိုကော အရှည်ကောကိုင်ပြီး လူဆယ်ယောက်လောက်ထွက်လာပြီးတော့ သေနတ်တွေနဲ့ထောက်ပြီး ဖမ်းသွားတာဟုတ်တယ်” ဟု မျက်မြင်တစ်ဦးက KNG သတင်းဌာနကိုပြောသည်။

အဆိုပါဖမ်းဆီးမှုတွင် ဆိုင်းနူးပန်းနှင့် လွမ်းဇောင်းအပြင် ကားတစ်စီးတွင်လိုက်ပါလာသည့် ဦးဆိုင်းနော်ဆန့်၊ လဟာလွမ်းဇောင်းနှင့် အမျိုးသမီးတစ်ဦးစသည့် စုစုပေါင်း ၅ ဦး ဖမ်းဆီးခံရကြောင်း မျက်မြင်တစ်ဦးက ဆက်ပြောသည်။

“မဆိုင်းနူးပန်နဲ့ ကိုလွန်းဇောင်းတို့နဲ့အတူ သုံးယောက်လောက် ဖမ်းသွားတာကိုတွေ့တယ်။ ပြီးတော့နာရေးမှာ မှတ်တမ်းယူပေးတဲ့ ဓါတ်ပုံဆရာကိုလည်း ခြေထောက်မှာ သေနတ်နဲ့ချိန်ပြီး ကင်မရာမပေးရင်ပစ်မှာနော်ဆိုပြီး ကင်မရာကိုလုပြီး ခေါင်းကိုရိုက်လိုက်တာ ခေါင်းကွဲပြီး သွေးတွေတောင်ထွက်တယ်” ဟု ဆက်လက်ပြောပြသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သောလူငယ်များနှင့် CDM ပြုလုပ်သူများကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ဖမ်းဆီးရိုက်နက်မှုများ ပုံမှန်ပြုလုပ်နေဆဲဖြစ်သည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...