ရွှေကူတွင် ဧည့်စာရင်းခေါင်းစဉ်ဖြင့် ဖမ်းဆီးမှုများပြုလုပ်နေ

ရွှေကူတွင် ဧည့်စာရင်းခေါင်းစဉ်ဖြင့် ဖမ်းဆီးမှုများပြုလုပ်နေ

ရွှေကူမြို့တွင် အာဏာသိမ်းစစ်ကောင်စီက ဧည့်စာရင်းခေါင်းစဉ်ဖြင့် လူနေအိမ်များကို ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

မေလ ၁၈ ရက် ည ၁၀ နာရီခန့်က အာဏာသိမ်းစစ်တပ်က မသင်္ကာသူများ၏ အမည်စာရင်းကိုင်ဆောင်ကာ ညအချိန် လိုက်လံစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်ကိုလည်း ဖျက်ဆီးသွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ဖမ်းဆီးခံရတဲ့သူတွေက ၁၀ ယောက်ကျော်လောက်ရှိတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ပရဟိတဥက္ကဌတို့ပါတယ်။ နောက် သူတို့မသင်္ကာတဲ့သူတွေရဲ့ အိမ်တွေဝိုင်းပြီး ဝင်စစ်တယ်။ အဲ့မှာ ၁၀ ယောက်ကျော်လောက် ပါသွားတယ်။ တစ်ချို့က လာဖမ်းတဲ့သူမရှိရင် ရှိတဲ့မိသားစုတွေကို ခေါ်သွားတယ်။ ဒါပေမယ့် ညတွင်းချင်း ပြန်လွတ်တယ်လို့တော့ သိရတယ်” ဟု ပြောဆိုသည်။

စစ်ဆေးမှုတွင် ၁၀ ယောက်ခန့် ဖမ်းဆီးခေါ်ဆောင်ခံရသော်လည်း ညတွင်းချင်း ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်ကို ဖျက်စီးသွားရုံမက လမ်းဘေးတွင် ဂစ်တာတီးနေသည့် လူငယ်တစ်ဦးကိုလည်း ရိုက်နက်မှုပြုလုပ်ခဲ့သည်ဟု သူကဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...