ရေးမြို့နယ်ရှိ CDM ဆရာ/မများအား ခေါ်ယူစစ်ဆေးမှုပြုလုပ်နေ

ရေးမြို့နယ်ရှိ CDM ဆရာ/မများအား ခေါ်ယူစစ်ဆေးမှုပြုလုပ်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ ဆရာ/မ (၆၁၇) ဦးကို တာဝန်မှရပ်ဆဲကြောင်း စစ်အုပ်စုထိန်းချုပ်ခံပညာရေးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။

ထို့အပြင် CDM ပြုလုပ်လျက်ရှိသော ဆရာ/မများကို စစ်ဆေးစရာရှိသည်ဟုဆိုပြီး စစ်အုပ်စုလက်အောက်ခံ ပညာရေးမှူးရုံးကနေတစ်ဆင့် ဆက်သွယ်ခေါ်ယူလျက်ရှိသည်။

အခုလို ခေါ်ယူစစ်ဆေးမှုတွေအပေါ်တွင် တိမ်းရှောင်နေသည့် CDM ဆရာမတစ်ဦးက "ကျွန်မတို့က ဘာအပြစ်မှ လုပ်ထားတာမဟုတ်ဘူးလေ၊ ခေါ်ပြီးစစ်ဆေးစရာအကြောင်းမှမရှိတာ၊ အဓိက ကတော့ Non-CDM ပြန်လုပ်ဖို့ ဖိအားပေးဖို့ပဲထင်တယ်" ဟု သံလွင်တိုင်းမ်ကို ပြောကြားပါသည်။

အခုလို ဖိအားပေးမှုတွေကြောင့် ရေးမြို့နယ်ရှိ CDM ဆရာ/မတစ်ချို့ စိတ်မပါသော်လည်း မိသားစုအခြေနေတွေအရ တာဝန်ပြန်လည်ထမ်းဆောင်လျက်ရှိသည်ဟုလည်း သိရပါသည်။

June 20, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်အစိုးရက ရက် ၁၀၀ လမင်းစီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်နဲ့ Unique...
June 19, 2026
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာ အခြေစိုက် အမှတ် ၅၈၇ ခြေမြန်တပ်ရင်းက လက်နက်တိုက်ပုံ...
June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...
June 17, 2026
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို...