မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ ဆရာ/မ (၆၁၇) ဦးကို တာဝန်မှရပ်ဆဲကြောင်း စစ်အုပ်စုထိန်းချုပ်ခံပညာရေးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။
ထို့အပြင် CDM ပြုလုပ်လျက်ရှိသော ဆရာ/မများကို စစ်ဆေးစရာရှိသည်ဟုဆိုပြီး စစ်အုပ်စုလက်အောက်ခံ ပညာရေးမှူးရုံးကနေတစ်ဆင့် ဆက်သွယ်ခေါ်ယူလျက်ရှိသည်။
အခုလို ခေါ်ယူစစ်ဆေးမှုတွေအပေါ်တွင် တိမ်းရှောင်နေသည့် CDM ဆရာမတစ်ဦးက "ကျွန်မတို့က ဘာအပြစ်မှ လုပ်ထားတာမဟုတ်ဘူးလေ၊ ခေါ်ပြီးစစ်ဆေးစရာအကြောင်းမှမရှိတာ၊ အဓိက ကတော့ Non-CDM ပြန်လုပ်ဖို့ ဖိအားပေးဖို့ပဲထင်တယ်" ဟု သံလွင်တိုင်းမ်ကို ပြောကြားပါသည်။
အခုလို ဖိအားပေးမှုတွေကြောင့် ရေးမြို့နယ်ရှိ CDM ဆရာ/မတစ်ချို့ စိတ်မပါသော်လည်း မိသားစုအခြေနေတွေအရ တာဝန်ပြန်လည်ထမ်းဆောင်လျက်ရှိသည်ဟုလည်း သိရပါသည်။








