Published
Wednesday, May 12, 2021
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျိုက်ထိုမြို့မရဲစခန်းကို ဝင်ပစ်၊ ပြည်ခိုင်ဖြိုးရုံးကို ဗုံးခွဲတိုက်ခိုက်
ယခုည ၇:၃၀ နာရီခန့်က အာဏာသိမ်းရက် (၁၀၀) အနေဖြင့် သင်တန်းဆင်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျိုက်ထို) က ကျိုက်ထိုမြို့ရှိ မြို့နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပစ်ခတ်ခဲ့တယ်လို့ သိရသည်။
စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့မှလည်း ပြန်လည်ပစ်ခတ်မှုတွေရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ဆုတ်ခွါသွားသော်လည်း ယခုအချိန်အထိ ရဲတပ်ဖွဲ့တွေက မြို့ထဲမှာ ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြန်ဆုတ်ခွါစဉ်တွင် ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးကို ဗုံးခွဲတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ပြီး ရုံးစောင့်တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောသည်။







