KIA ကို တိုက်ခိုက်ရန်နှင့် NLD ကိုဖမ်းဆီးရန် ပူတာအို USDP ပါတီဝင်များက လက်နက်တောင်းဆိုထား

KIA ကို တိုက်ခိုက်ရန်နှင့် NLD ကိုဖမ်းဆီးရန် ပူတာအို USDP ပါတီဝင်များက လက်နက်တောင်းဆိုထား

ပူတာအိုခရိုင်၊ နောင်မွန်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ပြန်လည်တိုက်ခိုက်ရန်အတွက် အိမ်ထောင်စုတိုင်း လက်နက်ရရှိရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က ဌာနေပြည်သူ့စစ်အဖွဲ့ထံ တောင်းဆိုထားသည်ဟု သတင်းရရှိသည်။

မေလဆန်းပိုင်းကပင် USDP ပါဝင်တီအချို့နှင့် ရဝမ်ရိုးရာယဉ်ကျေးမှုအဖွဲ့၏ နာယက ဦးထုံဖူးဒဂုဏ်က နောင်မွန်မြို့မှ ၈ မိုင်ခန့်ဝေးသည့် ဌာနေပြည်သူ့စစ်အဖွဲ့တည်ရှိရာ ရပ်ပေါ့ကျေးရွာ (Rap Baw Mare) သို့ သွားရောက်ကာ လက်နက်ရရှိရေးအတွက် အကူအညီတောင်းခဲ့သည်ဟု နောင်မွန်းဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“ရပ်ပေါ့ကျေးရွာထဲမှာ ပြည်သူ့စစ်စခန်းတစ်ခုရှိတယ်။ ကြံ့ခိုင်ရေးပါတီဝင်တွေက သွားပြီး KIA နှင့် NLD ကိုတိုက်ခိုက်ဖို့ လက်နက်လိုအပ်နေတယ်။ ပြီးရင် နောင်မွန်မှာရှိတဲ့ NLD ပါတီဝင်တွေကို ဖမ်းဖို့ ပြည်သူ့စစ်တွေနဲ့ ပြီခဲ့တဲ့ရက်ပိုင်းကပဲ သွားရောက်ဆွေးနွေးတာတွေ လုပ်ခဲ့တယ်တဲ့။ အဲ့မှာ တစ်အိမ်ထောင်မှာ လက်နက်တစ်ခုရရှိဖို့ သွားတောင်းခဲ့တယ်” ဟု ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နောင်မွန်မြို့နယ်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ကိုယ်စားလှယ်များကိုလည်း ဖမ်းဆီးရန် ပြင်ဆင်နေသည်ဟု သူက ဆက်လက်ပြောဆိုသည်။

နောင်မွန်ဒေသတွင် လူငယ်များကို စစ်သင်တန်းတက်ရောက်ရန် ဌာနေပြည်သူ့စစ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP တို့ပူးပေါင်းပြီး ကျေးရွာအလိုက် စည်းရုံးမှုများပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် လူငယ် ၂၀ ဦးခန့်က ဌာနေပြည်သူ့စစ်အဖွဲ့တွင် စစ်ပညာသင်ကြားနေကြောင်း သိရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...