နောင်မွန်တွင် KIA ကို ပြန်လည်တိုက်ခိုက်ရန် ပြည်သူ့စစ်နှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ လိုက်လံစည်းရုံးနေ

နောင်မွန်တွင် KIA ကို ပြန်လည်တိုက်ခိုက်ရန် ပြည်သူ့စစ်နှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ လိုက်လံစည်းရုံးနေ

ကချင်ပြည်နယ်မြောက်ပိုင်း နောင်မွန်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ပြန်လည်တိုက်ခိုက်ရန်အတွက် စစ်သင်တန်းများတက်ရောက်ရန် ဌာနေပြည်သူ့စစ်နဲ့ ရိုးရာယဉ်ကျေးမှုအဖွဲ့က စည်းရုံးရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

မေလ ၂ ရက်နေ့မှစ၍ ရဝမ်ရိုးရာယဉ်ကျေးမှုအဖွဲ့၏ နာယက ဦးထုံဖူးဒဂုဏ်အပါအဝင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ချို့က နောင်မွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်အိမ်ဝင်တစ်အိမ်ထွက် စည်းရုံးနေသည်ဟု နောင်မွန်ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ရဝမ်ယဉ်ကျေးမှုအဖွဲ့က အားလုံးပါတယ်လို့တော့ မထင်ဘူး။ ဒါပေမယ့် နာယကကြီးဖြစ်တဲ့ ဦးထုန်ဖူးဒဂုဏ် သူကိုယ်တိုင် ဦးဆောင်ပြီးတော့ လုပ်တာတော့ဟုတ်တယ်။ နောင်မွန်မြို့နယ်အတွင်းမှာရှိကြတဲ့ ကျေးရွာတွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် လက်ဆောင်ပစ္စည်းအနည်းပေးပြီးမှ လိုက်နှိုးဆော်နေတယ်” ဟု အမည်မဖော်လိုသူ နောင်မွန်ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောသည်။

နောင်မွန်ဒေသကို KIA က မကြာခင် လာရောက်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် အမဲရောင်နယ်မြေဖြစ်တော့မည့်ဒေသကို ပြန်လည်ကာကွယ်ရန် ဒေသခံများအနေဖြင့် စစ်သင်တန်းတက်ထားရမည့်အကြောင်း လိုက်လံစည်းရုံးနေသည်ဟု ဆိုသည်။

ပြည်သူ့စစ်အဖွဲ့ကပေးမည့် အဆိုပါစစ်သင်တန်းကို မေလ ၃ ရက်နေ့ စတင်မည်ဟုဆိုထားသော်လည်း လူငယ်များရောက်မလာသည့်အတွက် ထပ်မံစည်းရုံးမှုများပြုလုပ်နေကြောင်း သိရသည်။

လူငယ်များကို စစ်သင်တန်းတက်ရောက်ကြရန် စည်းရုံးရေးဆောင်ရွက်ပေးနေသူများမှာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များသာဖြစ်ကြပြီး နောင်မွန်းမြို့နယ်အတွင်းနှင့် အင်မိုင်ခအထက်အထိကျေးရွားများတွင် စည်းရုံးရေးဝင်ထားပြီးကြောင်း သိရသည်။

ကချင်ပြည်နယ်အထက်ပိုင်း ပူတာအိုခရိုင်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ နေရာဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုခရိုင်အတွင်း နောင်မွန်၊ ခေါင်လန်ဖူးစသည့်ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပါ။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...