မြစ်ကြီးနားဆိုင်ကယ်သပိတ်ကို စစ်တပ်နဲ့ ရဲကားအပြင် အိမ်စီးကားများဖြင့် ပိတ်ဆို့ဖမ်းဆီး

မြစ်ကြီးနားဆိုင်ကယ်သပိတ်ကို စစ်တပ်နဲ့ ရဲကားအပြင် အိမ်စီးကားများဖြင့် ပိတ်ဆို့ဖမ်းဆီး

မြစ်ကြီးနားမြို့ ယနေ့ မေလ ၅ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သော ဆိုင်ကယ်သပိတ်အား စစ်သားနှင့်ရဲများက အိမ်စီးကားများဖြင့် ဝင်တိုက်ဖြိုခွင်းခဲ့ခြင်းကြောင့် ဖမ်းဆီးခံရသူများနှင့် ထိခိုက်သူများရှိနေကြောင်း သိရသည်။

စစ်အာရှင်ဆန့်ကျင်သော မြစ်ကြီးနားလူငယ်များ၏ ဆိုင်ကယ်သပိတ်အား မနက် ၈ နာရီခွဲမှ စတင်ထွက်ခွာလာပြီး ၉ နာရီခွဲခန့် စံပြလမ်းသို့ဝင်လာချိန် အကြမ်းဖက်အုပ်စု ရဲနှင့်စစ်သားများက ရှေ့နောက်ပိတ်ပြီး ကားဖြင့်ဝင်တိုက်ဖြိုခွဲသောကြောင့် လူငယ်အမျိုးသမီး ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“သူတို့က အိမ်စီးကားတွေနဲ့ နှစ်ဖက်ကြားညှပ်ဖမ်းတာ၊ အရှေ့က (၇) စီး၊ အနောက်က အိမ်စီးကား (၃) စီး၊ စစ်ကား၊ ရဲကား၊ ထောင်ကားတွေက နောက်မှရောက်လာတယ်။ အိမ်စီးကားတွေနဲ့ အရင်ရောက်လာပြီး ဝင်တိုက်ဖြိုခွဲတာဖြစ်တယ်” ဟု ယနေ့နံနက်ဖမ်းဆီးမှုမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် ထိခိုက်သူဦးရေနှင့် ဖမ်းဆီးခံရသူအရေအတွက်ကို အသေးစိတ် မသိရသေးပေ။

မြစ်ကြီးနားမြို့တွင် ယနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်အပြင် လမ်းလျှောက်သပိတ်ဖြင့်လည်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...