မြို့သစ် ကုန်းလောကျေးရွာဘက်သို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ

မြို့သစ် ကုန်းလောကျေးရွာဘက်သို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ

မိုးမောက်မြို့နယ် မြို့သစ် ကုန်းလောကျေးရွာ အနီး အာဏာသိမ်းစစ်ကောင်စီတပ်မှ ၄ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံများ ပြောသည်။

 

အာဏာသိမ်းစစ်တပ်မှ ယခင်ရက်များနည်းတူ ယနေ့တွင်လည်း လေယာဉ်ဖြင့် လာရောက်ဗုံးကြဲနေသည့်အပြင် လက်နက်ကြီးငယ်နဲ့ပစ်နေကြောင်း သိရသည်။

 

“ခုရက်ပိုင်း ပုံမှန်ဆိုသလိုဘဲ စစ်တပ်ဘက်က လေယာဉ်နဲ့ပစ်တာတွေ တောက်လျှောက်လုပ်နေတယ်လို့။ “အမည်မဖော်လို ဒေသခံတစ်ဦးကပြောသည်။

 

ယခုကဲ့သို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်မှာ ၁လခန့်ရှိလာပြီဖြစ်ပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ဦးရေသည်လည်း ၅၀‌၀‌၀ ခန့်ရှိနေပြီဖြစ်သည်။

 

နှစ်ပေါင်း ၃၀ကျော် အာဏာသိမ်းစစ်တပ်က သိမ်းဆည်းထားသော အလော့ဘွမ် (Alaw Bum) ဗျူဟာကုန်းအား KIA မှ မတ်လ ၂၅ရက်နေ့ တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက် ဧပြီလ ပထမပတ်မှစကာ အာဏာသိမ်းစစ်ကောင်စီမှ ထိုးစစ်စတင်လာကာ နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိနေသည်။

 

ထို့ပြင် KIA တပ်မဟာ ၃ အောက် တပ်ရင်း ၁၅မှလည်း လက်ရှိတိုက်ပွဲပြင်းထန်နေသည့် မိုးမောက်မြို့နယ်အတွင်း ခွင့်ပြုချက်မရဘဲ သွားလာခြင်းမပြုရန် ယမန်နေ့က သတိပေးထုတ်ပြန်ချက်ထုတ်လိုက်သည်။ ထို့အပြင် အိမ်စီးကားများအနေဖြင့်လည်း မိုးကာအုပ်ပြီးသွားလာခြင်းမပြုရန် KIA လှုပ်ရှားတပ်ရင်းအဖွဲ့က စာထုတ်ထားသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...