ကချင်စစ်ရှောင်များအတွက် ဆေးဝါးအကူညီများလိုအပ်နေ

ကချင်စစ်ရှောင်များအတွက် ဆေးဝါးအကူညီများလိုအပ်နေ

ကချင်ပြည်နယ်ရှိ မြို့နှင့်ဝေးကွာသော တောင်ပေါ်ဒေသရှိ စစ်ရှောင်ပြည်သူများအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့  (Back Pack) ထံမှ သိရသည်။

အင်ဂျန်ယန်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ရှိ မြို့နှင့်အလှမ်းဝေးသော နေရာမှ စစ်ပြေးဒုက္ခသည်များအတွက် ဆေးဝါးလိုအပ်နေသည့်အကြောင်း Back Pack အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“အစားအသောက်တွေ နည်းနည်းပါးပါးရောက်ပေမဲ့ ဆေးဝါးက ရောက်ကို မရောက်နေဘူး။ ဆေးရောက်ခဲ့ရင်လည်း ဆေးကုပေးမယ့် ဆရာမတွေက မရှိပြန်တော့ သူတို့အတွက် အဓိက ကျန်းမာရေးဖြစ်နေတယ်။ မြို့ထဲမရောက်တဲ့သူတို့က မိုးကာအမိုးနှင့်ပဲ ကူညီထောက်ပံ့မှုလည်း မရောက်သလောက်ဖြစ်နေတယ်။ စစ်ရှောင်နေရာအရွှေ့အပြောင်းမှာ ရေအဆင်မပြေတော့ ဝမ်းရောဂါ အဓိက ဖြစ်နေတယ်။ ရာသီဥတုလည်း ပူလိုက် အေးလိုက်ထဲမှာ ကလေးတွေ ချောင်းဆို ရင်ကြပ်တာတွေ ဖြစ်နေကြတယ်။” ဟု ကချင်နယ်လှည့်ကျန်းမာရေး လုပ်သားအဖွဲ့ (BackPack) မှ တာဝန်ခံ Mr. Zet ထံမှ သိရသည်။

ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့၏ တိုက်ပွဲကြောင့် မြို့ပေါ်သို့ထွက်ပြေးလာနိုင်သောသူများရှိသလို မြို့နှင့်ပိုမိုအလှမ်းဝေးသော တောသို့ထွက်ပြေးနေရသည့် စစ်ရှောင်အမြောက်အများလည်း ရှိနေသည်။

မြို့နှင့်ဝေးကွာ အင်ဂျန့်ယန်မြို့နယ် ဘွမ်ရာယန် စစ်ပြေးဒုက္ခသည်စခန်းများအတွက်မူ ကျန်းမာရေးအတွက် ဆေးဝါးထောက်ပံ့မှုများ လိုအပ်နေသည်ဟု သူက ဆက်လက်ပြောဆိုသည်။

“ကျတော်တို့ ကျန်မာရေးလုပ်သားတွေအတွက် အခက်အခဲဆိုတာတော့အများကြီးဘဲ၊ လက်ရှိက အာဏာသိမ်းစစ်တပ် လက်အောက်အတွင်းမှာ ဆိုတော့ သွားလာရေးလည်း ခက်ခဲတယ်။ ပြီးရင် ကျတော်တို့လည်း သူများတွေ ကူညီပေးမှဘဲ ကျတော်တို့လည်း ပြန်ပြီး လိုက်ကူညီထောက်ပံ့ပေးလို့ရတယ်။ သူများတွေမှ ကျတော်တို့ကို ကူညီပေးတာတွေ မရှိဘူးဆိုရင်က ကျတော်တို့လည်း ပြန်ပြီး ဘယ်လောက်ကူညီပေးချင်ပေမဲ့ ပစ္စည်းတွေ လမ်းသွားလမ်းလာကအစ ကျတော်တို့ဆီမှာ လက်ရှိ အရမ်းခက်ခဲနေတယ်။ ကျတော်တို့ကို ထောက်ပံ့ပေးတာတွေရှိမှ ကျတော်တို့လည်း ပြန်ပြီး လှုပ်ရှားလို့ရတယ်။ ဒါကြောင့် အဘက်ဘက်မှ မိဘပြည်သူများတွေ အားလုံး ပါဝင်ကူညီပေးလာမှာကိုလည်း စောင့်မျှော် တောင်းဆိုလိုပါတယ်။” ဟု ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Back Pack) မှ တာဝန်ခံ Mr. Zet ကပြောသည်။

ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Back Pack) အဖွဲ့သည် အစိုးရမဟုတ်သော ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားကျန်းမာရေးလုပ်သားအဖွဲ့ဖြစ်သည်။ ၎င်းတို့သည် အစိုးရအဆက်ဆက် အလှမ်းမမှီသော တောင်ပေါ်ကျေးရွာဒေသများရှိ ပြည်သူများ၏ ကျန်းမာရေးကို လိုက်လံစောင့်ရှောက်ပေးနေသော အဖွဲ့ဖြစ်သည်ဟု သိရသည်။

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် စစ်ရှောင်များ၏ ကျန်းမာရေးအတွက် ကူညီလိုပါက ၀၉၄၂၂၄၅၈၄၇၃ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ခုကြား တိုက်ပွဲပြင်းထန်နေတာကြောင့် အင်ဂျန့်ယန်၊ ဝိုင်းမော် ၊ ဖားကန့် နှင့် မိုးမောက်၊ ဗန်းမော်တို့တွင် စစ်ရှောင်အသစ်များ ထပ်တိုးလာနေကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...