သီပေါမြို့နယ် အတွင်း အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ

သီပေါမြို့နယ် အတွင်း အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နယ် ကုန်သာကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဧပြီ (၁၆)ရက် ည ၇နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် ကုန်သာကျေးရွာတွင်နေထိုင်သည့်အသက် ၅၄နှစ် အရွယ်ရှိ စိုင်းလျန်း ၏ နေအိမ်ကို ဆိုင်ကယ်စီးလာသည့် အမျိုးသား (၂)ဦး က သေနတ်ဖြင့် လာရောက်ပစ်သတ် သွားကြောင်း သီပေါမြို့နယ် လူမှုကယ်ဆယ်ရေး အသင်း မှ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ယောင်္ကျားလေး ၂ ယောက် ဆိုင်ကယ်စီးလာပြီး “ဂွ”ရှိလား မေးတယ်။စိုင်းလျန်က မရှိဘူးလို့ပြောလိုက်တာ။ ဟိုကလည်းပါလာတဲ့ သေနတ်နဲ့ပစ်လိုက်တာ။ ၃ ချက်ထိသွားတယ်။ အဲနားမှာဘဲ တစ်ခါထဲသေသွားတယ်။” ဟု လူမှုကယ်ဆယ်ရေး တာဝန်ရှိသူက ပြောသည်။

သေနတ်ကျည်(၃)ချက် ထိမှန်သည့်နေရာများမှာ ရင်ညွှန့်၊ခါး နှင့် လက်မောင်းတွင် ထိမှန်သွားခဲ့ပြီး ထိုနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

လာရောက်ပစ်ခတ်သူ သည် မည်သည့် အဖွဲ့အစည်း၊လက်နက်ကိုင်ဖြစ်သည်ကို မသိရှိကြောင်း၊ စိုင်းလျန်းသေဆုံးမှုနှင့် ပတ်သက်ပြီး သီပေါရဲစခန်းမှ လိုက်လံစုံစမ်းနေဆဲ ဟု သိရသည်။

၂၀၂၀ ခုနှစ်တွင် သီပေါမြို့ တွင် သေနတ်ပစ်ခံ သေဆုံးရသူ စုစုပေါင်း ၁၄ ယောက်ရှိကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...