သီပေါမြို့ စစ်ကောင်စီ အများအပြား စောင့်ကြည့်နေသည့်ကြား လူထုသပိတ် ဆက်လက်ချီတက်

သီပေါမြို့ စစ်ကောင်စီ အများအပြား စောင့်ကြည့်နေသည့်ကြား လူထုသပိတ် ဆက်လက်ချီတက်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ အတွင်း အကြမ်းဖက် စစ်ကောင်စီ အင်အားဖြည့်ကာ စောင့်ကြည့်နေသည့်ကြား လူထုသပိတ်စစ်ကြောင်း ဆက်လက်ချီတက်နေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် သီပေါမြို့ရှိ ပင်မသပိတ်စစ်ကြောင်း မှ အကြမ်းဖက် စစ်ကောင်စီ အိမ်စီးကားများ အရပ်ဝတ်များဖြင့် အကြမ်းဖက် ဖြိုခွင်းမည်ဟု သတင်းထွက်ပေါ်သည့်အတွက် ဆနဒပြသူများ ခေတရပ်နားထားကြောင်း သတင်းရရှိသည်။

“ အကြမ်းဖက် စစ်ကောင်စီတွေ လိုက်ဖမ်းမယ်လို့ သတင်းကြားတယ်။ အရပ်ဝတ် နဲ့ အိမ်စီးကားတွေ နဲ့ပဲ ထွက်လာပြီး ဖမ်းမယ်လို့ သတင်းထွက်နေတာ။ ဒါပေမယ့် လူထုသပိတ်စစ်ကြောင်းကတော့ ဆက်ပြီး ချီတက်နေကြပါတယ်” ဟု သီပေါလူငယ်တဦး က သျှမ်းသံတော်ဆင့် က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ဆန္ဒဖော်ဖော်သည့် လူထုသပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းရန် သတင်းထွက်ပေါ်ခဲ့ပြီး၊ ပင်မစစ်ကြောင်း ဦးဆောင်သူတဦး စစ်ကြောင်းပါဝင်ရာ ခေတ္တရပ်နားခဲ့သော်လည်း လူထုသပိတ်စစ်ကြောင်း ရပ်တန့်သွားခြင်းမရှိကြောင်း သိရသည်။

လက်ရှိ မှာ သီပေါမြို့ရဲစခန်းအတွင်း အာဏာသိမ်း စစ်ကောင်းစီ အုပ်စုမှ အင်းအား အပြည့် ရှိနေကြောင်း၊ မြို့ထဲတွင်လည်း စစ်ကောင်စီ အုပ်စု တင်းကြပ်စွာ စောင့်ကြည့်နေကြောင်း သီပေါလူငယ် တဦး ကပြောသည်။

လက်ရှိ သျှမ်းပြည်နယ်ရှိ လူထုများလည်း နေ့စဉ်နဲ့ အမျှ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြမှုကို လူမဲ့သပိတ် ပြုလုပ်ခြင်း၊ အာရုံဦး သပိတ်ပြုလုပ်ခြင်း၊ နည်းမျိုးစုံဖြင့် ဆန္ဒပြနေကြကြောင်းသိရသည်။

နွေဦးတော်လှန်ရေး (၇၇) ရက်အတွင်း လူပေါင်း (၇၃၇) ဦး ကျဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ (၄၂၅၂) ဦး နဲ့ ချုပ်နှောင်ခံထားရသူ (၃၂၂၉) ဦး ရှိကြောင်း နိုင်ငံရေါ် အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ဧပြီ (၁၈) ရက်တွင် ထုတ်ပြန်ထားသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...