မိုးမောက်မြို့သို့ စစ်ရှောင်အသစ်များ ထပ်မံ ရောက်ရှိလာ

မိုးမောက်မြို့သို့ စစ်ရှောင်အသစ်များ ထပ်မံ ရောက်ရှိလာ

ဗန်မော်ခရိုင် မိုးမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ကျေးရွာ ၇ခုမှ ပြည်သူများက မိုးမောက် ခရစ်ယာန်ဘုရာကျောင်းဝင်းများသို့ ထွက်ပြေးတိမ်းရှောင်လာနေကြောင်း သိရသည်။

ဒေါ့ဖုန်းယာန်၊ ခလားယာန်၊  ကုန်းလော၊ နွမ်လန့်၊ မြို့သစ် ၊ နောင်ဖလန်း၊ ဒါဘော့ ကျေးရွာစသော ကျေးရွာ ၇ခုက ပြည်သူများက ဧပြီလ ၁၄ရက်နေ့မှစ၍ ထွက်ပြေးတိမ်းရှောင်လာကြပြီး လက်ရှိအချိန်တွင် လူဦးရေ ၃၀၀ ခန့်ထိ ရောက်ရှိနေပြီဟု တာဝန်ရှိများထံမှ သိရသည်။

“သူတို့လည်း တစ်ခါတည်း ရောက်လာတယ်ဆိုတော့ ဘာမှပြင်ဆင်ထားတာမဟုတ်ဘူးလေ။ နေရာစရာတွေက တတ်နိုင်သလောက် ပြင်ဆင်ပေးထားတယ်။ အခုလိုအပ်နေတာက အစားအသောက်တွေလိုအပ်မယ်။ နောက်ပြီး စစ်ရှောင်နဲ့ပတ်သက်ပြီး ကူညီထောက်ပံ့မူတွေလိုအပ်မယ်။ နောက်ထပ်ဝင်လာမယ့် သူတွေလည်း ရှိနေသေးတယ်လို့သိရတယ်”ဟု မိုးမောက် KBC အသင်းတော်မှ ဆရာတူးလွမ် ပြောဆိုသည်။

လက်ရှိတွင် ဘုရားကျောင်းဝင်းအတွင်း ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများအတွက် နေရာနှင့် အစားအသောက်များအခက်အခဲရှိနေပြီး အမြန်လိုအပ်နေကြောင်း သိရသည်။

တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေသောကြောင့် စစ်ရှောင်လူဦးရေး ထပ်တိုးလာမည့်အခြေအနေရှိနေကြောင်း သိရသည်။

Most read this week

By – ဂျာဘောက်ရာ
February 24, 2026
ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချူပ်ထားတဲ့ နေရာတစ်ချို့မှာ စစ်တပ်က...
February 23, 2026
နော်ထွယ့်(ဟူးကောင့်) — စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တစ်တည်းမှာပဲ...
February 21, 2026
မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့...
ကသာမြို့တွင်းပုံ
February 20, 2026
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ထဲက ကျောက်ပုံကျေးရွာ PDF ဂိတ် စစ်တပ်က လေကြောင်းကနေ...