ပူတာအိုဒေသခံများ လူသားဒိုင်းအဖြစ် အသုံးပြုခံနေရ

ပူတာအိုဒေသခံများ လူသားဒိုင်းအဖြစ် အသုံးပြုခံနေရ

ပူတာအို ခရိုင် ရှေ့တန်းစစ်မျက်နှာများတွင် အာဏာသိမ်းစစ်တပ်က အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဒေသခံများက ပြောဆိုသည်။

ဧပြီလ ၁၃ရက်နေ့ ဆွမ်ပရာဘွမ် နှင့် ပူတာအိုမြို့နယ်ကြားရှိ အင်ဆိုင်းယာန်နဲ့ ဆွမ်ပီယာန်ကြား၊ ခင်ဒူယာန်နဲ့ ဖုန်ကျန်းကျေးရွာ စသော နေရာ ၂ ခုတွင်  တိုက်ပွဲဖြစ်ပွားရာတွင် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု များခဲ့ပြီးနောက် ယခုလို ပြုလုပ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်သားတွေက ပြည်သူတွေကို ကာဗာယူပြီး ရှေ့ကသွားခိုင်းတယ်။ ပြီးရင်သူတို့က နောက်ကလိုက်တယ်။ အဲ့လိုလုပ်တော့ KIA အဖွဲ့က ပြန်တိုက်ရခက်သွားတယ်လို့သိရတယ်။”ဟု ပူတာအိုမှ ပြည်သူတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။

ဒေသခံများကို ဖမ်းဆီးပြီး ရှေ့မှသွားခိုင်းကာ စစ်သားများက နောက်မှလိုက်ခြင်း နှင့် စစ်တပ်ဘက် သေဆုံးသွားသော စစ်သားအလောင်းများကိုလည်း သယ်ခိုင်းကြောင်း သိရသည်။ ထိုအထဲတွင် အသက်မပြည့်သော လူငယ်များကိုပင် ဖမ်းဆီးအသုံးပြုနေကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၁၄ရက်နေ့ ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာအထွက် ဝါဒတ်ယာန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ် စစ်အင်အား ၅၀ခန့်က မြစ်ကြီးနားမှ တက်လာသော ခရီးသည်များ အကာအကွယ်ယူကာ ပူတာအိုအထိ တက်လာခဲ့သည်ဟု ခရီးသည်တစ်ဦးက ပြောသည်။

“စစ်သားတွေက ဘယ်ဘက်ကနေ တက်လာမှန်းတော့မသိရဘူး။ သူတို့နဲ့တွေ့တာက ဝဒတ်ယာန်ကျေးရွာမှာ ဟုတ်တယ်။ အဲ့မှာရောက်တော့ ခရီးသည်တွေကိုလည်း မဖြတ်ခိုင်းဘူး။ ကျနော်တို့ကို ရှေ့ကနေ သွားခိုင်းပြီး သူတို့က နောက်ကနေလိုက်လာကြတယ်။ ပြီးရင်သူတို့စီးတာက စစ်ကားလည်း မဟုတ်ဘူး။ ဆောက်လုပ်ရေးကားဟုတ်တယ်။ အတင်းအဓ္ဓမ လုပ်ခိုင်းတာမျိုးတော့ မရှိဘူး။ သူတို့ကို ကြည့်ရတာ တော်တော်ကြောက်နေတဲ့ပုံဘဲ။ လမ်းသွားရင်းနဲ့ သေနတ်တွေလည်းဖောက်တယ်” ဟု ပြောဆိုသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် ပြည်သူများကို ရှေ့တန်း လူသားဒိုင်းအဖြစ် အသုံးပြု ခေါ်ဆောင်မှုများ ပြုလုပ်ခဲ့သောကြောင့် ဆွမ်ပရာဘွမ်ဒေသခံတစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...