မိုးကောင်း နာရေးအိမ်တစ်ခုပစ်ခတ်ခံရပြီး ပြည်သူ ၁ ဦးထပ်မံ သေဆုံး

မိုးကောင်း နာရေးအိမ်တစ်ခုပစ်ခတ်ခံရပြီး ပြည်သူ ၁ ဦးထပ်မံ သေဆုံး

မိုးကောင်းမြို့နယ် လွယ်လီယန်ကျေးရွာ အသုဘနာရေးအိမ်တစ်ခုတွင်ရှိနေသော လူစုထဲသို့ သေနတ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ဧပြီလ ၆ရက်နေ့ ည ၁၂နာရီအချိန်တွင် အဆိုပါ နာရေးအိမ်တွင် ရပ်ကွက်သားများကစုပြီး ဖဲဝိုင်းကစားနေစဉ် အိမ်အပြင်ဘက်မှ တူမီးသေနတ်ဟုယူဆရသည်ဖြင့်ပစ်ခတ်မှုကြောင့် ဦးပေါ်ကောက် ဆိုသူ၏ ဦးခေါင်းတွင် ကျည်ထိမှန်ကာ ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

တစ်ချိန်တည်းတွင် နာရေးအိမ်နှင့် မလှမ်းမကမ်းတွင်ရှိနေသော ဦးမင်းသူကလည်း အိမ်အပြင်ဘက် ခွေးဟောင်သဖြင့် ထွက်ကြည့်ရာ စစ်သားများက ကျည်အစစ်ဖြင့်ပစ်ခတ်လိုက်သောကြောင့် သူ၏ တင်ပါးတစ်ဖက် ကျည်ဝင်ကာ ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ရွာမှာက အောင်မြင့်ရွှေ ဆိုတဲ့ အသုဘနာရေးအိမ်တစ်ခုရှိတယ်။ အဲ့ဒီအိမ်မှာ အားလုံးက သွားပြီးစုနေကြတာပေါ့။ ပြီရင်နာရေးအိမ်ဆိုတော့ ဖဲဝိုင်းဆော့ကြတာပေါ့။ ၁၂နာရီလောက် မှာတော့ သေနတ်သံကြားတာနဲ့ အထဲမှာဝိုင်းနေတဲ့အဖွဲ့ထဲက ဦးပေါ်ကောက် ခေါင်းတည့်တည် သေနတ်ပစ်ခံရတယ်။ နောက်ပြီး ၁၅ မိနစ်လောက်အကြာလောက်မှာ နာရေးအိမ်နဲ့ ၁၀ အိမ်လောက်ခြားမှာရှိတဲ့ ဦးမင်းသူက ခွေးအရမ်းဟောင်လို့ အပြင်ထွက်ကြည့်ရင်းသေနတ်ပစ်ခံလိုက်ရတယ်”ဟု လွယ်လီယန် ဒေသခံ တစ်ဦးက ပြောဆိုသည်။

အသက် ၄၀ ကျော်အရွယ် ဦးပေါ်ကောက်ကို တူမီးသေနတ်ဖြင့် ပစ်ခတ်သောသူကို မသိရသော်လည်း၊ အသက် ၃၀ ကျော်အရွယ် ဦးမင်းသူပစ်ခတ်ခံရမှုမှာ စစ်တပ်သုံးကျည်ဆံဖြစ်သည်ဟု သိရသည်။

ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ကိုမင်းသူ ကို မိုးကောင်းပြည်သူ့ဆေးရုံကြီးတွင် လက်မခံသည့်အတွက် မြစ်ကြီးနားမြို့ စစ်တပ်ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုဒေသတွင် အာဏာသိမ်းစစ်တပ် ခမရ ၃၈၁ တပ်ဖွဲ့ က လှုပ်ရှားနေကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...