ရှဒူးဇွပ်အခြေစိုက် အာဏာသိမ်းစစ်တပ်က ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်

ရှဒူးဇွပ်အခြေစိုက် အာဏာသိမ်းစစ်တပ်က ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်

လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာတွင်အခြေစိုက်သော အာဏာသိမ်းစစ်တပ် ခလရ (၂၉၇) က တိုက်ပွဲမဖြစ်သော်လည်း ညအချိန်လက်နက်ကြီးများ ပစ်ခတ်နေမှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၅ရက်နေ့ ည ၈နာရီခွဲအချိန်တွင် ရှဒူးဇွပ်စစ်တပ်ကုန်းမှ လက်နက်ကြီး ၆ကြိမ် ထက်မနည်း ပစ်ခတ်မူကြောင့် ဘန်ကောက်ကျေးရွာ နှင့် နမ်ဆိုင်ကျေးရွာတွင် လက်နက်ကြီးတစ်လုံးစီ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“မနေ့ည ၈နာရီနဲ့ ၉နာရီကြားမှာ ဟုတ်တယ်။ ဒီရှဒူးဇွပ်စစ်တပ်ကုန်းက လက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ဘယ်ကိုပစ်နေကြမလဲ မသိဘူး။ ဒါပေမယ့် ကျနော်တို့ ဒီဝါရွာဇွပ်ကျေးရွာနဲ့နီးတဲ့ ဘန်ကောက်ကျေးရွာမှာက လက်နက်ကြီးကျတယ်တယ်လို့ သိရတယ်” ဟု ဝါရာဇွပ်ဒေသခံတစ်ဦးက ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်က ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ခဲ့သော်လည်း ထိခိုက် ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။

သို့သော် စစ်တပ်က ကျေးရွာရှိရာသို့ ပစ်ခတ်မူပြုလုပ်နေသည့်အပေါ် ရှဒူးဇွပ်ဒေသံတစ်ဦးက အလွန်စိုးရိမ်နေကြောင်း ယခုလိုပြောဆိုသည်။

“သူတို့က ညအချိန်ဆို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဆိုတော့ အရမ်းစိုးရိမ်တယ်။ ဘယ်ကို ပစ်မှန်းလည်းမသိရ။ ဘယ်သူက တာဝန်ယူပေးမလဲ။ ဒါကိုဘဲ စိုးရိမ်နေရတယ်” ဟု ပြောဆိုသည်။

ပြည်သူများကို ပစ်သတ်သော အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...