တမူးမြို့ တနင်္ဂနွေနေ့ညနေပိုင်း ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ လေးဦးသေဆုံး

တမူးမြို့ တနင်္ဂနွေနေ့ညနေပိုင်း ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ လေးဦးသေဆုံး

Benezer – စစ်ကိုင်းတိုင်း တမူးမြို့ တနင်္ဂနွေနေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူလူထုဘက်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

“မနေ့ညက သုံးနာရီကနေစပစ်ကြတာ ၆ နာရီလောက်ထိ ပစ်ကြတယ်၊ ပြည်သူဘက်က ထိခိုက်တာတွေမရှိဘူး၊ သူတို့ဘက်ကလေးယောက်ကျတယ်၊ ကားတစ်စီး တွန်းသွားရတယ်လို့တော့ပြောတယ်၊ ဒီနေ့တော့ ထူးခြားတာမရှိသေးဘူး၊ စစ်သားတွေက အိမ်စီးကားတွေနဲ့ လာနေတယ်လို့တော့ ကြားတယ်”ဟု တမူးမြို့ခံတစ်ဦးမှ ပြောသည်။

တမူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထုများ အပြန်အလှန်ပစ်ခတ်မှု ယခုရက်ပိုင်းတွင် နေ့စဉ်လိုလိုပစ်ခတ်မှုများရှိပြီး နှစ်ဘက်ကျဆုံးဒဏ်ရာရှိမှုများလည်း ရှိကြောင်း သိရသည်။

May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...