ဆရာဝန်အပါဖမ်းဆီးခံထားရသူ အများပိုင်း လွတ်မြောက်ခြင်းမရှိသေး

ဆရာဝန်အပါဖမ်းဆီးခံထားရသူ အများပိုင်း လွတ်မြောက်ခြင်းမရှိသေး

ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက ဖမ်းဆီးခံရသူတွေ အများပိုင်း လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဧပြီလ ၂၁ ရက်နေ့ ဖားကန့် လုံးခင်းကျေးရွာထဲက မိုင်ဆေးရုံနဲ့ ဥရုဆွတ်အောင် တည်းခိုခန်း၊ နှစ်ခုစလုံးကိုတပြိုင်နက် ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားတဲ့ ၃၂ ဦးထဲကနေ တစ်ချို့သာလွတ်မြောက်လာသေးတယ်လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“အခုအချိန်အထိ အကုန်ပြန်မလွတ်သေးဘူး။ မိုင်ဆေးရုံက ဒေါက်တာရာဇာထွန်းနဲ့ လူနာတစ်ချို့ကမလွတ်လာသေးဘူး။ နောက်တစ်ခုက ဥရုဆွတ်အောင်တည်းခိုခန်းထဲက ဖမ်းဆီးခံရသူတွေလည်း ကျန်သေးတယ်အကုန်မလွတ်လာသေးဘူး”လို့ပြောပါတယ်။

မိုင်ဆေးရုံက ဖမ်းဆီးခံရသူ ဒေါက်တာ ရာဇာထွန်းအပါ ဆေးဝန်ထမ်းများနဲ့ လူနာများ စုစုပေါင်း ၂၁ ဦးရှိပြီး လက်ရှိမှာ ဆေးဝန်ထမ်းတစ်ချို့ လွတ်မြောက်လာပြီဖြစ်ပေမယ့် ဒေါက်တာရာဇာထွန်းနဲ့ လူနာတွေကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

နောက် ဥရုဆွတ်အောင် တည်းခိုခန်းက ဖမ်းဆီးခံရသူ စုစုပေါင်း ၁၁ ဦးထဲကနေ ၅ ဦးခန့် လွတ်မြောက်ဖို့ကျန်ရှိနေသေးတယ်လို့ ဆက်ပြီးပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို ဖားကန့် ရဲစခန်းမှာ သံသယ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဖားကန့် တော်လှန်ရေးမှာပါဝင်နေတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဖမ်းဆီးခံရတဲ့သူတွေကို သံသယနဲ့ ဖမ်းဆီးထားဆဲဖြစ်တယ်။ အဓိက သူတို့တွေက တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်မှုရှိမရှိ သံသယသဘောနဲ့ဖမ်းထားတာဖြစ်နိုင်တယ်။ လွတ်လာတာရှိပေမယ့် တစ်ဝက်လောက်တော့ကျန်ပါသေးတယ်။အခုလိုဖြစ်တာကလည်း ဘေးပတ်ဝန်းကျင်က တိုင်ကြားတာတွေရှိလို့နေမှာပေါ့”လို့ပြောပါတယ်။

မိုင်ဆေးရုံနဲ့ ဥရုဆွတ်အောင် တည်းခိုခန်းက ဖမ်းဆီးခံရတဲ့သူတွေကို စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတာဖြစ်တယ်လို့သိရပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ဧပြီလ ၂၁ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်လောက်မှာ ဖားကန့် အောင်ရာရွာထဲစစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲမှာ စစ်တပ်ဟာ KIA ထိန်းချုပ်နေရာတစ်ချို့ကို သိမ်းပိုက်ခဲ့ပြီးနောက် လုံးခင်းကျေးရွာအဝင် အထွက်နေရာတွေမှာ အထိုင်ချထားပြီးတော့ ကျေးရွာ၊ ရပ်ကွက်နေရာတွေမှာ စစ်ရေးလှုပ်ရှားပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတာ နှစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...