လူ ၉ ဦး သေဆုံးတဲ့ လက်နက်ကိုင်အချင်းချင်းပစ်ခတ်မှုကို တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ ကိုင်တွယ်နေ

လူ ၉ ဦး သေဆုံးတဲ့ လက်နက်ကိုင်အချင်းချင်းပစ်ခတ်မှုကို တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ ကိုင်တွယ်နေ
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်

မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ကိုင်တွယ်ပေးနေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ပြောပါတယ်။

“ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးဘက်က ကိုင်တွယ်ပေးနေတယ်နော်။ အဲ့လောက်ပဲပြောနိုင်တယ်” လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့မှာ ဖယ်ခုံမြို့နယ်အတွင်း၊ မိုးဗြဲ Local PDF ခေါင်းဆောင် ကိုအောင်မင်း နဲ့ တပ်ဖွဲ့ဝင်တစ်ချို့ကို ညှိနှိုင်းဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက လာခေါ်တဲ့အချိန်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ အခြေနေကိုသိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီဒေသခံရဲ့ပြောကြားချက်အရ မိုးဗြဲ Local PDF ခေါင်းဆောင် ကိုအောင်မင်းက ဒေသခံတွေကြား နိုင်ထက်စီးနင်းမှု ပြုလုပ်တာကြောင့် သူ့ကိုထိန်းသိမ်းဖို့ တခြား တပ်ပေါင်းစုအဖွဲ့တွေက လာရောက်ညှိနှိုင်းတာလို့ ပြောပါတယ်။

“လမ်းမှာစောင့်ပစ်တာမဟုတ်ဘူး။ သူ့ရုံးမှာ သွားခေါ်တာ။ အဲ့ဒါ သူတို့က ပြန်ခံပစ်တာပေါ့။ သူ့ကို ညှိနှိုင်းဖို့ စောင့်တယ်ပေါ့။ သူကတော့ ပြန်ခံပစ်တော့ သူများ ပစ်တာ အဲ့လိုမျိုးပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ညှိနှိုင်းဖို့လာခေါ်တဲ့ တပ်တွေမှာ IEC ကာကွယ်ရေးဝန်ကြီးဌာန အစီအမံအောက်မှာ လှုပ်ရှားမယ့် မကြာသေးခင်ကမှ အသစ်ဖွဲ့စည်းထားတဲ့ အယ်လ်ဖာစစ်ဒေသ မိုးဗြဲနယ် တပ်ဖွဲ့လည်း ပါဝင်တယ်လို့ သိရပါတယ်။

အမှုစစ်ဆေးနေတာနဲ့ပတ်သက်ပြီးတော့ IEC ဖက်က တစ်စုံတစ်ရာ ထပ်ပြောတာ မရှိသေးသလို အယ်လ်ဖာတပ်ဖွဲ့အပါအဝင် တခြားတပ်ပေါင်းစုတွေကလည်း အသိပေးထုတ်ပြန်တာ မရှိသေးပါဘူး။

ပစ်ခတ်မှုမှာ ခေါင်းဆောင် ကိုအောင်မင်းနဲ့အတူ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...