သထုံသပိတ်ဖြိုခွင်းမှုမှာ အဖမ်းခံခဲ့ရသူတွေ ပြန်လွတ်အောင် မြို့ခံရှေ့နေတွေ ကူညီပေးနေ

သထုံသပိတ်ဖြိုခွင်းမှုမှာ အဖမ်းခံခဲ့ရသူတွေ ပြန်လွတ်အောင် မြို့ခံရှေ့နေတွေ ကူညီပေးနေ

သထုံသပိတ်ဖြိုခွင်းမှုမှာ အဖမ်းခံခဲ့ရသူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် မြို့ခံရှေ့နေတွေက လိုက်ပါဆောင်ရွက်နေပေးနေပါတယ်။

ဒီကနေ့ မနက်ပိုင်း သထုံမြို့နယ် ပေါ်တော်မှုကျေးရွာက သပိတ်ဖြိုခွင်းမှုမှာ (၁) ဦးကျဆုံးပြီး ဆယ်ဦးထက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒေသခံ (၁၀၀)ကျော်ပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ဆန္ဒဖော်ထုတ်အပြီး လူစုခွဲချိန်မှာ စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။

အဖမ်းခံထားရသူတွေထဲမှာ လူငယ် အမျိုးသား အမျိုးသမီး (၁၀) ဦးထက်မနည်း ပါဝင်ပြီး ၎င်းတို့ကို ဘယ်မှာချုပ်နှောင်ထားမှန်း မသိသေးဘူးလို့ ရှေ့နေတွေက ဆိုပါတယ်။

ဖမ်းခံရသူတွေကို အမှုဖွင့်တရားစွဲမယ်ဆိုရင် ဒီကနေ့ဟာ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် တနင်္လာနေ့မှ ရုံးတင်နိုင်မယ်လို့ လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေက ခန့်မှန်းထားပါတယ်။

“ ကျွန်မမေးကြည့်တော့ (၁၀) ဦးကျော်တယ်။ယောကျာ်လေးလည်း ပါတယ် မိန်းကလေးလည်း ပါတယ်။ ဒီနေ့က ရုံးပိတ်ရက်ဆိုတော့ ဖမ်းခံထိတဲ့ ကလေးတွေကို အမှုဖွင့်မယ်ဆိုရင် တနင်္လာနေ့အထိတော့ စောင့်ကြည့်ရပါမယ်။ တနင်္လာနေ့ကျရင် ကျွန်မတို့ ရုံးမှာ သွားနေပေးထားမယ်။ အကူညီတောင်းလာရင် ကျွန်မတို့ ချက်ချင်းကူညီပေးလို့ရအောင်”လို့ ရှေ့နေတစ်ဦးက ဆိုပါတယ်။

သပိတ်စစ်ကြောင်းကို ဖြိုခွင်းရာမှာ ရာဘာကျည်အပြင် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ခဲ့လို့ ကျဆုံးသူ တစ်ဦးရှိခဲ့ပြီး ရုပ်အလောင်းကိုတော့ စစ်အုပ်စုက သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...