CDM လုပ်တဲ့ မီးရထားဝန်ထမ်းတွေ စီးပွားရေးကြပ်တည်းလာ

CDM လုပ်တဲ့ မီးရထားဝန်ထမ်းတွေ စီးပွားရေးကြပ်တည်းလာ

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ မီးရထားဝန်ထမ်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ စီးပွားရေးကြပ်တည်းတဲ့ ပြဿနာတွေကို ရင်ဆိုင်လာရပါတယ်။

မော်လမြိုင်မြို့မှာတော့ မီးရထားဝန်ထမ်း (၆၀) ကျော်ဟာ CDM မှာ ပါဝင်ခဲ့ပြီး အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီလို ပါဝင်ခဲ့သူတွေကို စစ်အုပ်စုက ဖိအားပေးလို့ မတ်လ (၂၃)ရက်နေ့မှာ မီးရထားဝန်ထမ်းအချို့ဟာ မုပွန်မီးရထားဝန်ထမ်းအိမ်ယာကနေ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဒါ့အပြင် မြေနီးကုန်းကားဝင်အရှေ့က မီးရထားဝန်ထမ်းအိမ်ယာကနေလည်း CDM ဝန်ထမ်းတွေဟာ တဖြည်းဖြည်း ပြောင်းရွှေ့ပေးနေရပါတယ်။

စစ်အုပ်စုက ဖိအားပေးလို့ လိုင်းခန်းကနေ ပြောင်းရွှေ့ခဲ့ရတဲ့ မီးရထားဝန်ထမ်း

အခုလို့ ပြောင်းရွှေ့ခဲ့တဲ့ CDM မီးရထားဝန်ထမ်းတချို့ကတော့ အိမ်ဌားနေပြီး တချို့ကတော့ နေရပ်ဇာတိကို ပြန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အိမ်ဌားနေသူတွေကတော့ ဝင်ငွေမရှိတော့တဲ့အတွက် တစ်နေ့ထက်တစ်နေ့ စီးပွားရေး ပိုမိုကြပ်တည်းလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ ကျွန်တော်တို့ ရတဲ့လစာနဲ့ ကျွန်တော်တို့ စုဆောင်းထားတာတွေက ဘယ်လောက်ရှိမှာ မို့လိုလဲ။ ချက်ချင်းပဲ ဖယ်ဆိုတာနဲ့ ဖယ်ပေးခဲ့ရတယ်။ တချို့ဆို ရွာပြန်ကြတယ်။ တချို့က အိမ်ဌားနေတယ်။ အိမ်ဌားတယ်ဆိုတာကလည်း ဘယ်လောက်ထိ တောင့်ခံနိုင်မှာလဲ”လို့ မီးရထားဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

အခုလို စစ်အာဏာရှင်ကို ဆန့်ကျင်လို့ ဘဝကို ရိုက်ချိုးခံခဲ့ရပေမယ့် ဆက်လက်ရှင်သန်ဖို့ လိပ်ပြာသန့်တယ်လို့ မီးရထားဝန်ထမ်းတွေက သူတို့ရဲ့ ယုံကြည်ချက်ကို ထပ်ဆင့်ပြောပြပါတယ်။

မော်လမြိုင်မြို့မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေပြီး ဆန္ဒဖော်ထုတ်သူတွေကိုလည့် ညတွင်မက နေ့ဘက်တွေမှာပါ ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

မော်လမြိုင်လူငယ်တွေကတော့ နည်းလမ်းမျိုးစုံနှင့် စစ်အာဏာရှင်ကို ဆန့်ကျင်နေကြပြီး လူအများနှင့် လမ်းပေါ်ထွက်သည့်အစား အစုအဖွဲ့ ကိုယ်စီနှင့် ပြောက်ကျားသပိတ်တွေကို ဆင်နွှဲနေကြပါတယ်။

June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...
June 17, 2026
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို...
June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...