မွန်ပြည်နယ်ထွက်ငါးတွေကို တရုတ်စျေးကွက်ထံ ပြန်လည်တင်ပို့

မွန်ပြည်နယ်ထွက်ငါးတွေကို တရုတ်စျေးကွက်ထံ ပြန်လည်တင်ပို့

မွန်ပြည်နယ်ထွက် ပြည်ပတင်ပို့တဲ့ငါး (၅၀) ရာခိုင်နှုန်းနီးပါးကို တရုတ်စျေးကွက်ထံ ပြန်လည်တင်ပို့ရောင်းချနေပြီးလို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။

မွန်ပြည်နယ်ထွက် ငါးတွေကို ပြည်ပပို့ကုန်အနေနှင့် တရုတ် ၊ မလေးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေထံ အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး (၁)လနီးပါးကြာမြင့်ချိန်မှာ မွန်ပြည်နယ်ရဲ့ ပြည်ပတင်ပို့တဲ့ ငါးလုပ်ငန်း ရာနှုန်းပြည့်နီးပါး ရပ်ဆိုင်းခဲ့ရပါတယ်။

အခုအခါမှာတော့ စျေးကွက်တချို့ ပြန်ပွင့်လာပြီး တရုတ်စျေးကွက်ထံ (၅၀)ရာခိုင်နှုန်းနီးပါး တင်ပို့နေရတယ်လို့ မော်လမြိုင်ဟိုလ်းဒင်းလီမိတက် ငါးပုဇွန်အအေးခဲစက်ရုံ ဒါရိုက်တာ ဦးအောင်သက်ဌေးက ပြောပါတယ်။

“ကိုဗစ်ရော ဒီဟာတွေနဲ့ရော ဆက်စပ်နေတာဆိုတော့ ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ ပို့လို့ရတယ် အဲ့လိုမျိုးပေါ့။ အခုဟာကလည်း အခြေအနေမကောင်းရင် ဒီဘက်မှာ သိမ်းထားပြီးတော့မှ ပြန်ပို့တာဆိုတော့ မှန်းရတော့ခက်တယ်။ ၅၀ရာခိုင်နှုန်းလောက်ပါပဲ”လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ပြည်ပတင်ပို့တဲ့ ငါးအထွက်နှုန်းတွေ လျော့ကျနေတာကြောင့် ပြည်တွင်းစျေးကွက်အတွက်ပဲ ဝယ်ယူစုဆောင်းနေရတယ်လို့ ဆိုပါတယ်။

 မွန်ပြည်နယ်မှာတော့ ငါးပုတ်သင် နဲ့ ငါးသလောက် တို့အများဆုံးထွက်ပြီး တရုတ်နိုင်ငံက တန်ချိန် ထောင်နဲ့ချီ နှစ်စဉ် ဝယ်ယူနေတာ ဖြစ်ပါတယ်။

May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...