တနိုင်းလီဒိုလမ်းမ ဒွမ်ဘန်ရွာဘက်တွင် အာဏာသိမ်း စစ်တပ် နှင့် KIA တပ်ရင်း ၂၀ တို့ တိုက်ပွဲဖြစ်ပွါး

တနိုင်းလီဒိုလမ်းမ ဒွမ်ဘန်ရွာဘက်တွင် အာဏာသိမ်း စစ်တပ် နှင့် KIA တပ်ရင်း ၂၀ တို့ တိုက်ပွဲဖြစ်ပွါး

ဖားကန့် မြို့နယ် တနိုင်းလီဒိုလမ်းမ ဒွမ်ဘန်ရွာ ဘက်တွင် အာဏာသိမ်း စစ်တပ် နှင့် KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၂၀ တို့ ယနေ့ မတ်လ ၃၀ ရက်‌ နေ့ နံနက်၁၀ နာရီခွဲချိန်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။

တနိုင်းလီဒိုလမ်းမ ဒွမ်ဘန်ရွာ အောက်ဘက်သို့ ဆင်းလာသည့် အာဏာသိမ်း စစ်တပ်မှ စစ်သား ၆၆ ဦး ပါဝင်သည့် စစ်ကြောင်းကို KIA တပ်မဟာ ၂ တပ်ရင်း ၂၀ မှ ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

၎င်းစစ်ကြောင်းသည် ဒွမ်ဘန်ရွာ မှ လဝါးရွာဘက်သို့ ခြေလျင်ဖြင့် ဆင်းလာချိန် ဒွမ်ဘန်ရွာအောက် ငါးကန် ( Nga Nawng) နေရာတွင် KIA တပ်ဖွဲ့ ကပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ‌ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

” နှစ်ဖက်တပ်ကနေ ပစ်ခတ်တာက မိနစ် ၂၀ လောက် အသံတွေကြားနေရတယ် ပြီးတော့ သူတို့ဘာသာပစ်နေတာ တစ်လမ်းလုံး လည်း ပစ်ပြီးဆက်သွားနေတာ အခု လဝါး ကျော်ပြီး မြစ်ကြီးနားဘက်ကို ဆင်းလာတာထင်တယ်လို့ “ ဟု ပြောသည်။

စစ်ကောင်စီ စစ်တပ်မှ စစ်ကြောင်းသည် ဒွမ်ဘန်ရွာမှ အမျိုးသားတစ်ဦး ကိုလည်း‌ ခေါ်ဆောင်သွားခဲ့ သော်လည်း ပြန်လည်လွတ် မြောက်ခဲ့ကြောင်းသိရသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...