တနိုင်းလီဒိုလမ်းမ ဒွမ်ဘန်ရွာဘက်တွင် အာဏာသိမ်း စစ်တပ် နှင့် KIA တပ်ရင်း ၂၀ တို့ တိုက်ပွဲဖြစ်ပွါး

တနိုင်းလီဒိုလမ်းမ ဒွမ်ဘန်ရွာဘက်တွင် အာဏာသိမ်း စစ်တပ် နှင့် KIA တပ်ရင်း ၂၀ တို့ တိုက်ပွဲဖြစ်ပွါး

ဖားကန့် မြို့နယ် တနိုင်းလီဒိုလမ်းမ ဒွမ်ဘန်ရွာ ဘက်တွင် အာဏာသိမ်း စစ်တပ် နှင့် KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၂၀ တို့ ယနေ့ မတ်လ ၃၀ ရက်‌ နေ့ နံနက်၁၀ နာရီခွဲချိန်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။

တနိုင်းလီဒိုလမ်းမ ဒွမ်ဘန်ရွာ အောက်ဘက်သို့ ဆင်းလာသည့် အာဏာသိမ်း စစ်တပ်မှ စစ်သား ၆၆ ဦး ပါဝင်သည့် စစ်ကြောင်းကို KIA တပ်မဟာ ၂ တပ်ရင်း ၂၀ မှ ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

၎င်းစစ်ကြောင်းသည် ဒွမ်ဘန်ရွာ မှ လဝါးရွာဘက်သို့ ခြေလျင်ဖြင့် ဆင်းလာချိန် ဒွမ်ဘန်ရွာအောက် ငါးကန် ( Nga Nawng) နေရာတွင် KIA တပ်ဖွဲ့ ကပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ‌ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

” နှစ်ဖက်တပ်ကနေ ပစ်ခတ်တာက မိနစ် ၂၀ လောက် အသံတွေကြားနေရတယ် ပြီးတော့ သူတို့ဘာသာပစ်နေတာ တစ်လမ်းလုံး လည်း ပစ်ပြီးဆက်သွားနေတာ အခု လဝါး ကျော်ပြီး မြစ်ကြီးနားဘက်ကို ဆင်းလာတာထင်တယ်လို့ “ ဟု ပြောသည်။

စစ်ကောင်စီ စစ်တပ်မှ စစ်ကြောင်းသည် ဒွမ်ဘန်ရွာမှ အမျိုးသားတစ်ဦး ကိုလည်း‌ ခေါ်ဆောင်သွားခဲ့ သော်လည်း ပြန်လည်လွတ် မြောက်ခဲ့ကြောင်းသိရသည်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...