ဝိုင်းမော် ဆန္ဒပြရင်း ဖမ်းခံရသော ဆရာမ၏အမှု တရားလိုသက်သေများ ရုံးချိန်းပျက်ကွက်

ဝိုင်းမော် ဆန္ဒပြရင်း ဖမ်းခံရသော ဆရာမ၏အမှု တရားလိုသက်သေများ ရုံးချိန်းပျက်ကွက်

ဝိုင်းမော်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဖမ်းဆီးခံထားရသည့် ဆရာမအပါအဝင် ၂ဦး၏ ဒုတိယမြောက်နေ့ရုံးချိန်းတွင် တရားလိုသက်သေများရောက်လာခြင်းမရှိသည့်အတွက် လာမည့် ဧပြီလ ၂ ရက်သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဖမ်းဆီးခံထားရသည့် ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးဂဲနက်စ်ထံမှ သိရသည်။

“ဒီနေ့ထောင်ကြီးမှာဘဲ ရုံးထုတ်တယ်။ ဒါပေမယ့် တရားစွဲထားတဲ့ တရားလိုဘက်က သက်သေတွေမလာရောက်နိုင်တဲ့အတွက် ဒီနေ့အမူမစစ်လိုက်နိုင်ဘူး လာမယ့် ၂ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။”ဆိုပြီး တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်ကပြောသည်။

ဖမ်းဆီးခံထားရသည့် ဆရာမအပါအဝင် ၂နှစ်ဦးအား ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဝိုင်းမော်မြို့၊ဆန္ဒထုတ်ဖော်နေစဉ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် ပထမအကြိမ်ရုံးထုတ်စစ်ဆေးပြီးဖြစ်သည်။

ပထမအကြိမ်ရုံးထုတ်စစ်ဆေးရာတွင် တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည့် ဝိုင်းမော်မြို့နယ်၊ ဒုရဲမှူး မင်းဇော်ဦး စစ်ဆေးပြီးဖြစ်ကာ ဒုတိယအကြိမ်တွင်မူ ဖမ်းဆီးချိန်တွင် မြင်တွေ့ခဲ့ရသည့် တရားလိုဘက်မှ မျက်မြင်သက်သေများအား စစ်ဆေးရမည်ဖြစ်သော်လည်း ယနေ့သက်သေများရောက်လာနိုင်ခြင်းမရှိသည့်အတွက် အမူစစ်ဆေးခြင်းမဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ကျောင်းအုပ်ဆရာမကြီးသည် မူလတန်းကျောင်းအုပ်ဆရာမလငန်လွမ်းနောနှင့် ဒေါ်ဇတန်းလွမ်းညွယ်တို့ဖြစ်သည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...