ဝိုင်းမော် ဆန္ဒပြရင်း ဖမ်းခံရသော ဆရာမ၏အမှု တရားလိုသက်သေများ ရုံးချိန်းပျက်ကွက်

ဝိုင်းမော် ဆန္ဒပြရင်း ဖမ်းခံရသော ဆရာမ၏အမှု တရားလိုသက်သေများ ရုံးချိန်းပျက်ကွက်

ဝိုင်းမော်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဖမ်းဆီးခံထားရသည့် ဆရာမအပါအဝင် ၂ဦး၏ ဒုတိယမြောက်နေ့ရုံးချိန်းတွင် တရားလိုသက်သေများရောက်လာခြင်းမရှိသည့်အတွက် လာမည့် ဧပြီလ ၂ ရက်သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဖမ်းဆီးခံထားရသည့် ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးဂဲနက်စ်ထံမှ သိရသည်။

“ဒီနေ့ထောင်ကြီးမှာဘဲ ရုံးထုတ်တယ်။ ဒါပေမယ့် တရားစွဲထားတဲ့ တရားလိုဘက်က သက်သေတွေမလာရောက်နိုင်တဲ့အတွက် ဒီနေ့အမူမစစ်လိုက်နိုင်ဘူး လာမယ့် ၂ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။”ဆိုပြီး တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်ကပြောသည်။

ဖမ်းဆီးခံထားရသည့် ဆရာမအပါအဝင် ၂နှစ်ဦးအား ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဝိုင်းမော်မြို့၊ဆန္ဒထုတ်ဖော်နေစဉ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် ပထမအကြိမ်ရုံးထုတ်စစ်ဆေးပြီးဖြစ်သည်။

ပထမအကြိမ်ရုံးထုတ်စစ်ဆေးရာတွင် တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည့် ဝိုင်းမော်မြို့နယ်၊ ဒုရဲမှူး မင်းဇော်ဦး စစ်ဆေးပြီးဖြစ်ကာ ဒုတိယအကြိမ်တွင်မူ ဖမ်းဆီးချိန်တွင် မြင်တွေ့ခဲ့ရသည့် တရားလိုဘက်မှ မျက်မြင်သက်သေများအား စစ်ဆေးရမည်ဖြစ်သော်လည်း ယနေ့သက်သေများရောက်လာနိုင်ခြင်းမရှိသည့်အတွက် အမူစစ်ဆေးခြင်းမဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ကျောင်းအုပ်ဆရာမကြီးသည် မူလတန်းကျောင်းအုပ်ဆရာမလငန်လွမ်းနောနှင့် ဒေါ်ဇတန်းလွမ်းညွယ်တို့ဖြစ်သည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...