ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာရှိ စစ်တပ်စခန်းအနီးတွင် ယနေ့ မတ်လ(၂၉)ရက် နေ့ နေ့လယ်(၁) နာရီခန့် တွင် စစ်ကောင်စီတပ်နှင့် KIA တို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
သေနတ်သံ( ၃)ချက်ခန့် ပစ်ဖောက်ပြီးနောက် ၁၅ မိနစ်ခန့် နှစ်ဖက်တပ်က ပစ်ခတ်တိုက်ခိုက်ကြကြောင်း နေရပ်ပြန်ပြီး ခြံများရှင်းလင်းသူ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
” နေအိမ်တွေ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ချိန်အခုလို တွေဖြစ်လာတော့ အဲဒီမှာနေပြီး ဆောက်လုပ်ဖို့က အရမ်းစိုးရိမ်ရတယ်။ ဆက်ပြီးလုပ်မလား နားထားရမလားဆိုပြီး ဘယ်အချိန် ဘယ်လို ဖြစ်လာမယ်ဆိုတာလည်းမပြောနိုင်တော့ အရမ်းစိုးရိမ်တယ်။ “ ဟု ပြောသည်။
ဂါးရာယန်ကျေးရွာသည် လက်ရှိအချိန်တွင် စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် ခြံရှင်းလင်းနေသည့် အချိန်ဖြစ်ကြောင်းလည်း သိရသည်။







